အရောင်နုနုလေးတွေကြိုက်သူတွေအတွက် လူငယ်ဆန်ပြီးလှတဲ့ ခြေသည်းဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ချစ်ဖို့ကောင်းတာလေးတွေလည်း ပါတာကြောင့် လူငယ်ကောင်မလေးတွေကတော့ ပိုပြီးသဘောကျမှာပါ။

ဒီခြေသည်းဒီဇိုင်းလေးဆိုရင် လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ အရောင်ကအစ နုနုလေးနဲ့ မိန်းကလေးဆန်ပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးကတော့ ချစ်ဖို့ကောင်းတဲ့ cute type လေးပါ။ အရောင်လေးတွေကအစ နုနုလေးတွေဖြစ်လို့ အရောင်နုတာကြိုက်ရင် ဒါလေးတွေက အရောင်လည်းငြိမ်ပါတယ်။

အစိမ်းရောင်ကြိုက်ရင်တော့ ဒီခြေသည်းဒီဇိုင်းနဲ့ အရောင်လေးက ရှင်းရှင်းလေးနဲ့ မျက်စိအေးပြီးလှပါတယ်။

ခရမ်းရောင်အနုလေးက အသားဆောင်ပြီး အရမ်းလှပါတယ်။ ဒီခြေသည်းဒီဇိုင်းလေးကတော့ ချစ်ဖို့ကောင်းတဲ့ cute type လေးပါ။

အရောင်အနုကိုမှ ပေါ်လွင်နေစေမယ့် ဒီဇိုင်းနဲ့ အရောင်လေးဖြစ်ပါတယ်။ ဖက်ရှင်ကျတဲ့အရောင်လေးတွေကို စပ်ထားတာဖြစ်လို့ ခြေထောက်မှာဆိုးရင် ပေါ်လွင်နေမှာပါ။

အရောင်နုနုလေးတွေကြိုက်တယ်၊ အမဲလည်းကြိုက်တယ်ဆိုရင်တော့ ဘာမှစဉ်းစားမနေပဲ ဒီခြေသည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။ အရမ်းလှပါတယ်။

အစိမ်းနဲ့အဝါကိုစပ်ဆိုးထားတာက အရမ်းကိုလိုက်ဖက်တဲ့ ကာလာလေးပါ။ ပုံဖော်ထားတာလေးကအစ အရမ်းလှပါတယ်။

အပြာရောင်နုနုလေးကိုမှ cream အရောင်လေးနဲ့ စပ်ဆိုးပြီးပုံဖော်ထားတာ အရမ်းလှပါတယ်။

အပြာရောင်ကို ပိုကြိုက်တာဆိုရင်တော့ ဒီခြေသည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ အပြာကို အရောင်နုနုလေးသာ ရွေးဆိုးပါ။ အရမ်းလှပါတယ်။

လူငယ်ကောင်မလေးတွေ သဘောကျမယ့် ဒီဇိုင်းလေးပါ။ ရှင်းရှင်းလေးကြိုက်ရင် snoopy ကိုပုံဖော်ထားတဲ့ ဒီခြေသည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။