ဆံပင်ကောက်တဲ့သူတွေဟာ ကံကောင်းတဲ့ လူသားများလို့တောင် ပြောနိုင်ပါတယ်။ ထို ဆံပင်ကောက်ကောက် သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဆွဲဆောင်မှုပြင်းလာအောင် ဆံပင်အရှည် ထားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆံပင်စတိုင်လ်များ ထားပေးနိုင်ပါတယ်။

ဆံပင်ကောက်ပြီး ဆံသားတွေ ရှုပ်ထွေးနေလို့ စိတ်ညစ်နေရတဲ့သူတို့လည်း အခုဖော်ပြပေးမယ့် ဆံပင်စတိုင်လ်များကို အကြိုက်တွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

မတိုမရှည်ဆံပင်အကောက်စတိုင်လ်

ဆံပင်အုံထူပြီး ဆံပင် မသိမသာလေး ကောက်တဲ့သူတို့အတွက် ဒီဆံပင်စတိုင်လ်က ကြည့်ကောင်းနေစေမှာပါ။

အကောက်သေးတဲ့သူတို့အတွက် ဆံပင်စတိုင်လ်

ကိုယ့်ဆံသားက အကောက်သေးတယ်။ ဒါပေမဲ့ အရှည်ထားချင်တယ်ဆိုရင်တော့ ဒီလိုဆံပင်စတိုင်လ်မျိုး ထားနိုင်ပါတယ်။

ဆံသားအကောက်ကြီးတဲ့သူတို့အတွက် ဆံပင်ကေ

ဆံသားအကောက်ကြီးတဲ့သူတို့အတွက်တော့ ဒီဆံပင်ကေက အသင့်တော်ဆုံးပါပဲ။

ညှို့ငင်အားပြင်းစေမယ့် ဆံပင်စတိုင်လ်

ကိုယ့်ရဲ့ ခရက်ရှ်က ကိုယ့်ကို ပစ်ကြွေသွားစေမယ့် ဆံပင်စတိုင်လ်တစ်ခုပဲ ဖြစ်ပါတယ်။

ဆံပင်အနားသားလေးတွေ ကောက်တတ်တဲ့သူတို့အတွက်

ဒီဆံပင်ကေလေးကတော့ သက်လတ်ပိုင်းများနဲ့ လိုက်ဖက်တဲ့ ဆံပင်ကေတစ်ခုပဲ ဖြစ်ပါတယ်။

ဆံပင်ထုံးထားတဲ့ စတိုင်လ်

ဆံပင်အရှည်ထားတဲ့သူတို့အတွက် အားသာချက်တစ်ခုကတော့ ဆံပင်ကို အခုလိုလေး ထုံးထားပြီး စတိုင်လ်မိမိုက်နေအောင် ရှိုးထုတ်နိုင်ခြင်းပါပဲ။