နှစ်သစ်မှာ ဆံပင်ကာလာချိန်းပြီး ပြောင်းလဲချင်တဲ့သူတွေအတွက် အရမ်းလှတဲ့ကာလာဆန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်ဆိုးဖို့ ဘာကာလာဆိုးရမလဲ စဉ်းစားရခက်နေရင်တော့ အရင်နဲ့မတူအောင် ပြောင်းလဲပစ်လိုက်ချင်ရင် ဒီလိုကာလာဆန်းလေးတွေသာ ဆိုးချပစ်ပါ။

ဒီအစိမ်းလေးဆိုရင် ဆိုးတဲ့သူရှားပါတယ်။ အရင်နဲ့မတူအောင် လုံးဝကို ပြောင်းလဲပစ်လိုက်ချင်တယ်ဆိုရင် ဆိုးသင့်တဲ့ကာလာ ဖြစ်ပါတယ်။

ခုနကလို အရမ်းတောက်တဲ့ကာလာမျိုး မဆိုးချင်ရင်တော့ ဒီကာလာလေးကို ရွေးချယ်သင့်ပါတယ်။ အရမ်းလှပြီး အထာကျတဲ့ ကာလာဆန်းလေးပါ။

လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ကာလာဆန်းလေး ဆိုးချင်တယ်ဆိုရင်တော့ ဒီကာလာလေးက baby pink ဘက်သွားလို့ အရမ်းချစ်ဖို့ကောင်းပါတယ်။ တစ်မျိုးထဲမဟုတ်ပဲ ခရမ်းလေးလည်းပါသေးတာကြောင့် အရမ်းလှပါတယ်။

ခရမ်းဘက်သွားတဲ့ကာလာမျိုး ဆိုးချင်တယ်ဆိုရင် ဒီလိုလေးက အရမ်းလှပါတယ်။ မျက်နှာလေးလည်း ပိုလင်းပြီး ဖြူသလိုဖြစ်သွားစေပါတယ်။

ဒီကာလာလေးဆိုရင် ခဲဖြူဘက်သွားတာလေးဖြစ်လို့ ဘိုဆန်ပြီးအရမ်းလှပါတယ်။ Baby highlight လေးတွေလည်း ဖောက်ထားတာကြောင့် ကာလာဆန်းပြီး အရမ်းလည်းမိုက်ပါတယ်။

အရမ်းကာလာတောက်တာမျိုးမဟုတ်ပဲ နည်းနည်းငြိမ်ပြီး ကာလာဆန်းတာမျိုးလေး ဆိုးချင်တယ်ဆိုရင်တော့ ဒီလိုကာလာလေးကိုသာ ဆိုးကြည့်ပါ။

ဒီအရောင်လေးဆိုလည်း အရမ်းလှပါတယ်။ Rose pink ကာလာမျိုးလေးဖြစ်လို့ မျက်နှာလင်းပြီး ပိုဖြူသွားစေမယ့် ကာလာမျိုးပါ။

ဒါကျတော့ ခရမ်းကိုမှ အရမ်းမတောက်တဲ့ ကာလာမျိုးပါ။ ကာလာဆန်းတာလေးတွေ ဆိုးချင်ပေမယ့် အရမ်းတောက်ပြီး ထင်းနေမှာလည်းကြောက်တယ်ဆိုရင် ဒါမျိုးလေးတွေကို try ကြည့်သင့်ပါတယ်။

အပြာဆိုးရင် တော်တော်များများက ကာလာကိုမှိုင်းတာလေးပဲ ဆိုးကြတာများပါတယ်။ ဒါကျတော့ လုံးဝကိုတောက်နေတဲ့ အပြာမျိုးပါ။ ဆိုးရဲရင် အရမ်းမိုက်ပြီးလှနေမယ့် ကာလာမျိုးဖြစ်ပါတယ်။

photo source:www.pinterest.com