ဆံပင်စတိုင်လ်ပြောင်းချင်ပေမယ့် ညှပ်ရမှာလည်း နှမြောနေတယ်ဆိုရင် ဆံပင်ကောက်တာပဲဖြစ်ဖြစ်၊ အရောင်ဆိုးတာပဲဖြစ်ဖြစ် လုပ်လိုက်ပါ။ ဆံပင်လည်းမတိုတော့ပဲ စတိုင်လ်ပြောင်းပြီး ပိုလှသွားမှာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဆံပင်အရှည်ကို အရောင်ဆိုးချင်တဲ့သူတွေအတွက် အရမ်းလှတဲ့ Hair Color တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆံပင်အရှည်ကြီးကိုနှမြောတယ်၊ လုံးဝမညှပ်ချင်ဘူးဆိုရင် ဒီလို Highlight တွေဖောက်လိုက်ပါ။ အထာကျပြီးမိုက်သလို လှလည်းလှပါတယ်။

ဆံပင်အရှည်ကြီးကို ဒီအရောင်လေးတွေဆိုးရင် အရမ်းလှပါတယ်။ မျက်နှာလေးလင်းပြီး ပိုဖြူသွားစေပါတယ်။ ရုပ်လည်းပိုပြီးနုသလို ဖြစ်သွားစေပါတယ်။

ဆံပင်အရောင်တောက်တာ ဆိုးရဲတဲ့သူတွေဆိုရင် ROSÉ ရဲ့ ဒီအရောင်လေးသာ ဆိုးချလိုက်ပါ။ အရမ်းလှပါတယ်။ စတိုင်လ်လည်းပြောင်းသွားမှာပါ။ ဒီလိုအရောင်တွေဆိုးမယ်ဆိုရင် ဆေးကောင်းကောင်းနဲ့တော့ ဆိုးဖို့လိုပါတယ်။ ဒါမှ ဆံသားအရမ်းပျက်စီးသွားတာမျိုး မဖြစ်မှာပါ။

အရောင်တောက်တာတွေထက် Highlight ဖောက်ပြီး အထာကျကျအရောင်မျိုး ဆိုးချင်တာဆိုရင်တော့ ဒီ Hair Color ကိုသာ ရွေးချယ်လိုက်ပါ။ အရမ်းမိုက်ပြီး လှလည်းလှပါတယ်။

ဆံပင်အရှည်ကိုမညှပ်ပဲ ဒီလိုအရောင်ဆန်းတာလေးတွေ Highlight ဖောက်ကြည့်ပါ။ အထာကျပြီး အရမ်းမိုက်ပါတယ်။ လူငယ်ဆန်ပြီး လှလည်းလှပါတယ်။

ဆံပင်အရှည်ကြီးကို ဒီအရောင်လေးဆိုးရင် အရမ်းလှပါတယ်။ အရုပ်မလေးလို ဖြစ်နေစေတာကြောင့် လူငယ်ကောင်မလေးတွေ Try ကြည့်သင့်ပါတယ်။

ဆံပင်အရှည်ကို ဒီအရောင်လေးဆိုးရင်လည်း အရမ်းလှပါတယ်။ သူက အထဲမှာ Highlight တွေလည်းဖောက်ထားသေးတာကြောင့် အထာကျတဲ့ပုံစံလေး ဖြစ်နေမှာပါ။ မျက်နှာလည်းပိုလင်းပြီး ဖြူသွားစေတဲ့ Hair Color ဖြစ်ပါတယ်။

ဆံပင်ကို Crazy Color မျိုး ဆိုးချင်တယ်ဆိုရင် ဆံပင်ရှည်တဲ့သူတွေအနေနဲ့ ဒီ Hair Color ကို ဆိုးကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ဆံပင်စတိုင်လ်ပြောင်းချင်ပေမယ့် ညှပ်ရမှာလည်းနှမြောသလို၊ အရောင်တောက်တာတွေလည်း မဆိုးရဲဘူးဆိုရင် အောက်နားကိုကောက်ပြီး ဒီလိုအရောင်ဖျော့ဖျော့လေး ဆိုးကြည့်ပါ။ အရမ်းလှပါတယ်။

photo source:www.pinterest.com