အစိမ်းရောင်ကြိုက်တဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ လှပတဲ့ အစိမ်းရောင်လက်သည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ အစိမ်းရောင်က မျက်စိလည်းအေးစေသလို လက်မှာဆိုးလိုက်ရင်လည်း အသားဆောင်ပြီး အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးတွေဆိုရင် ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။ ဒီပုံထဲက အစိမ်းရောင်တွေအားလုံးကလည်း အသားဆောင်ပြီး အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အစိမ်းရောင်အနုနဲ့ အရင့်ကို ဆိုးထားပြီး လက်ညှိုးတစ်ချောင်းထဲကို ပုံဖော်ထားတာလေးက အရမ်းလှပါတယ်။ လူငယ်၊ လူကြီး အကုန်လုံးနဲ့ လိုက်ဖက်တဲ့ဒီဇိုင်းလေးပါ။

လူငယ်ကောင်မလေးတွေဆိုရင် အစိမ်းရောင်ကို ဒီလက်သည်းဒီဇိုင်းလေး ပုံဖော်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

အစိမ်းရောင်ကို အရောင်နုတာလေးတွေကြိုက်တယ်၊ ဒီဇိုင်းကိုလည်း လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတာလေးတွေ ကြိုက်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးတွေထဲကသာရွေးပါ။

ကျားသစ်ကွက်ပုံလေးတွေ ပုံဖော်ရတာကြိုက်ရင်တော့ အစိမ်းရောင်ကို ဒီလိုအရင့်လေးတွေဆိုးပြီး ပုံဖော်ကြည့်ပါ။ ပိုပြီးလှပါတယ်။

ပန်းပုံလေးတွေကြိုက်တယ်၊ လူကြီးနည်းနည်းဆန်တာမျိုးလေး ပုံဖော်ချင်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးပါ။

ဒီဇိုင်းနည်းနည်းဆန်းပြီး အရောင်ရှားတာမျိုးလေး ဆိုးချင်တယ်၊ ပုံဖော်ချင်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ သူကျတော့ အသားဖြူတဲ့သူတွေနဲ့ ပိုပြီးတော့လိုက်ပါတယ်။

အစိမ်းရောင်ကိုဆိုးပြီး ဒီလိုလည်း ပုံဖော်လို့ရပါသေးတယ်။ ဒီလက်သည်းဒီဇိုင်းဆိုရင် လက်သည်းအချွန်ထားတဲ့သူနဲ့လည်း လိုက်သလို၊ လက်သည်းလေးထောင့်ထားတဲ့သူတွေနဲ့လည်း လိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။ လူငယ်တော့မဆန်ပါဘူး။ လူကြီးတွေနဲ့ဆို ပိုပြီးလိုက်ဖက်မှာပါ။

photo source: www.pinterest.com