လက်သည်းနီဆိုးရင် glitter ပါတာမျိုးကြိုက်တဲ့ ကောင်မလေးတွေအတွက် လှပတဲ့ glitter လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ရှင်းရှင်းလေးနဲ့လှတဲ့ လက်သည်းဒီဇိုင်းလေးတွေ၊ ဒီဇိုင်းဆန်းတဲ့ လက်သည်းဒီဇိုင်းလေးတွေဖြစ်လို့ သဘောကျမှာပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လက်သန်းကိုပဲ glitter လေးဆိုးပြီး တခြားလက်ချောင်းတွေကို ဆိုးထားတဲ့အရောင်လေးတွေကလည်း အရမ်းလှပါတယ်။ အသားဆောင်ပြီးလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

အစိမ်းရောင်ကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးအတိုင်း ဆိုးကြည့်ပါ။ အရမ်းလှပါတယ်။

အဖြူရောင်ဆိုးမယ်ဆိုရင်တော့ ဒီလို glitter လေးဖောက်ပြီး ဆိုးကြည့်ပါ။ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

ခရမ်းရောင်ကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ဆိုးကြည့်ပါ။ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။

အဖြူနဲ့အနက်ကို glitter ဖောက်ဆိုးထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ရှင်းရှင်းလေးနဲ့ လှပါတယ်။ ဘယ်အချိန်ကြည့်ကြည့်လည်း ရိုးမသွားစေတဲ့ လက်သည်းဒီဇိုင်းလေးပါ။

Glitter လေးဆိုးပြီး လက်သည်းနီ အရောင်တောက်တာလေး ဆိုးမယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။ ကြည့်လိုက်တာနဲ့ ထင်းပြီး အရမ်းလှပါတယ်။

အရောင်ငြိမ်တာလေးတွေဆိုးမယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ရွေးချယ်ပါ။ ဆိုးထားတဲ့အရောင်နဲ့ glitter အရောင်လေးနဲ့က အရမ်းကို match ဖြစ်ပြီး ဘိုဆန်ဆန်နဲ့ လှပါတယ်။

Glitter ဒီဇိုင်းလည်းဆိုးချင်တယ်၊ ဒီဇိုင်းပုံလည်းဖော်ချင်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ရွေးချယ်လိုက်ပါ။ ချစ်ဖို့ကောင်းသလို ဒီဇိုင်းဆန်ပြီး အရမ်းလည်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ လူငယ်လူကြီး အားလုံးနဲ့လိုက်ဖက်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဒီဇိုင်းရော ကာလာရော ငြိမ်ပြီးအရမ်းလှပါတယ်။

Glitter ကြီးပဲများများဆိုးချင်တာဆိုရင် တစ်ရောင်ထဲမဆိုးပဲ ဒီလိုလေးဆိုးကြည့်ပါ။ အမြင်ဆန်ပြီး အရမ်းလည်းလှပါတယ်။ ဘိုဆန်တဲ့အရောင်လေးတွေချည်းပဲနော်။

ပန်းရောင်ကြိုက်တဲ့ကောင်မလေးတွေအတွက် glitter လက်သည်းဒီဇိုင်းလေးပါ။ မိန်းကလေးဆန်ပြီးလှတဲ့ ပုံစံလေးကြိုက်ရင် ဒီလိုလေးဆိုးကြည့်နော်။