လက်သည်းနီဆိုးတဲ့အခါမှာ လက်သည်းတစ်ခုလုံးကိုမဆိုးပဲ လက်သည်းထိပ်လေးမှာပဲဆိုးရတာ ကြိုက်တဲ့သူတွေအတွက် French Tip Nail Design လှလှလေးတွေကို မျှဝေပေးလိုက်ပါတယ်။

လူငယ်ဆန်ပြီးဆန်းတာမျိုးလေး ဖြစ်ချင်ရင်တော့ အရောင်နုနုလေးတွေကို လက်သည်းထိပ်မှာ အရောင်စုံဆိုးပေးပါ။

ဒီလိုမျိုးလေး လက်နှစ်ဖက်ကို အရောင်တစ်မျိုးစီ ဆိုးလို့လည်းရပါတယ်။ ဒါပေမယ့် အရောင်နုတာလေးတွေဆိုးမှ လှမှာပါ။ အရောင်တောက်တာဆိုးလိုက်ရင် ထင်းနေလို့ မလှပါဘူး။

ဘယ်တော့မှရိုးမသွားတဲ့ အဖြူနဲ့အနက်ကိုလည်း ဒီလိုစပ်ပြီး ဆိုးလို့ရပါတယ်။ ဒီလက်သည်းဒီဇိုင်းကျတော့ လက်သည်းအချွန်ထားတဲ့သူတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။

လက်သည်းထိပ်လေးမှာ လက်သည်းနီပဲဆိုးလို့ရတာ မဟုတ်ပါဘူး။ ပုံဖော်လို့လည်း ရပါသေးတယ်။ ဒီမှာပုံဖော်ထားတဲ့ ဒီဇိုင်းလေးဆိုရင် အရောင်နုနုလေးနဲ့ အရမ်းလှပါတယ်။

လက်သည်းထိပ်လေးမှာ ကိုယ်ဆိုးချင်တဲ့အရောင်ဆိုးပြီး အောက်မှာ ဒီလိုတစ်လိုင်းလေးထပ်ဆွဲပြီး ပုံဖော်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။ အရောင်နုတာတွေဆို ပိုပြီးလှပါတယ်။

သူများထက်ဆန်းချင်ရင်တော့ လက်သည်းထိပ်လေးမှာတောင် အပြည့်မဆိုးပဲ ဒီလိုတစ်စောင်းလေးဆိုးပြီး ပုံဖော်လို့ရပါတယ်။ ဒါကတော့ လက်သည်းကို လေးထောင့်ထားတဲ့သူတွေနဲ့မှ အဆင်ပြေမှာပါ။

ရွှေရောင်ကို လက်သည်းထိပ်မှာဆိုးရင် အရမ်းလှပါတယ်။ Gel ကိုဆိုးရင် ပိုပြီးတော့လှပါတယ်။

လက်သည်းအချွန်ထားတဲ့သူတွေက ကာလာစုံဆိုးချင်ရင် အရောင်တူတာကို အနု၊ အရင့်စပ်ပြီး ဆိုးကြည့်ပါ။ လူငယ်ဆန်ပြီး လှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရောင်ဆင်တာ ၂ မျိုး၊ အရောင်အနုအရင့် ၂ မျိုးကို စပ်ပြီးဆိုးထားတာမို့ ရိုးရိုးလေးနဲ့ အရမ်းလှပါတယ်။

ကိုယ်ဆိုးချင်တဲ့အရောင်ကို လက်သည်းထိပ်လေးမှာ ရောင်စုံဆိုးလို့ရပါတယ်။ ဒီလိုဆိုးတာက အရောင်ရင့်တာထက် အရောင်နုတာတွေက ပိုပြီးလှပါတယ်။

Glitter လေးတွေကို လက်သည်းထိပ်မှာဆိုးရင်လည်း အရမ်းလှပါတယ်။ ဒါပေမယ့် လက်သည်းအချွန်တွေနဲ့မှ ပိုပြီးလိုက်ဖက်တာပါ။

လက်သည်းအရှည်ကြီးထားတဲ့သူတွေဆိုရင် လက်သည်းထိပ်မှာ ဒီလိုမျိုးတွေပုံဖော်ပြီး ဆိုးလိုက်ရင် အရမ်းမိုက်ပါတယ်။

နောက်ဆုံးလက်သည်းဒီဇိုင်းကတော့ တော်တော်များများဆိုးနေကျ ဖြစ်ပါတယ်။ အဖြူရောင်လေးကို လက်သည်းထိပ်မှာ ဆိုးထားတာပါ။ ဘယ်တော့မှရိုးမသွားပဲ ရှင်းရှင်းလေးနဲ့ လှနေတာပါ။

photo source:www.pinterest.com