လက်သည်းကို Almond Shape ထားရင် French Tip Nail ဒီဇိုင်းလေးတွေပုံဖော်တာနဲ့ အရမ်းလိုက်ဖက်ပါတယ်။ ဒါကြောင့် Almond Shape လက်သည်းလေးတွေအတွက် လှပတဲ့ French Tip Nail လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။
French Tip Nail လေးပုံဖော်ပြီး အောက်နားမှာ Rainbow လေးရယ် Lucky Leaf လေးရယ်ကို ပုံဖော်ထားတာက ဆန်းပြီးတော့ ချစ်စရာကောင်းပါတယ်။ လှလည်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။
French Tip Nail ကိုမှ Rainbow ဒီဇိုင်းလေးပုံဖော်ထားတာ ဆန်းပြီးတော့လှပါတယ်။
ဒီ French Tip Nail ဆိုလည်း ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။
French Tip Nail ကိုမှ ရောင်စုံပုံဖော်ပြီးတော့ ပန်းပွင့်ဒီဇိုင်းလေးလည်း ပုံဖော်ထားတာဖြစ်လို့ ဒီဇိုင်းဆန်းပြီး မိန်းကလေးဆန်ဆန်နဲ့ အရမ်းလှပါတယ်။
အရောင်နုနုလေးတွေကြိုက်တယ်၊ ပန်းပွင့်ဒီဇိုင်းလေးတွေလည်း ကြိုက်တယ်ဆိုရင် ဒီ French Tip Nail ဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်ပါ။
French Tip Nail ကိုပုံဖော်ပြီး အောက်နားလေးကိုပါ ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကလည်း တစ်မျိုးလေးဆန်းပြီးလှပါတယ်။
လက်သည်းနီဆိုရင် အနက်ရောင်မှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် ဒီဇိုင်းဆန်းတဲ့ French Tip Nail ဒီဇိုင်းလေးပါ။
French Tip Nail ကိုမှ အချွန်ပုံစံလေးလုပ်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကလည်း ရှင်းရှင်းလေးနဲ့ အရောင်ကအစ ငြိမ်ပြီးတော့ လှပါတယ်။
အဖြူရောင်ဆိုးမယ်ဆိုရင် ဆိုးနေကျ ရိုးရိုး French Tip Nail ဒီဇိုင်းတွေ ဆိုးလို့ရသလို ဆန်းချင်ရင်တော့ ဒီလိုလေးဆိုးပြီးပုံဖော်ကြည့်နော်။
ဒါကတော့ ဒီဇိုင်းဆန်းပြီး လူငယ်ဆန်ဆန်နဲ့လှတဲ့ French Tip Nail ဒီဇိုင်းလေးပဲဖြစ်ပါတယ်။
Photo source:www.pinterest.com