မိန်းကလေးတွေ တက်တူးထိုးရင် ပန်းပုံလေးတွေ ထိုးကြတာ အရမ်းလှပါတယ်။ တချို့ဆို ပန်းပုံလေးတွေထိုးထားတာ လုံးဝအမြင်မရိုင်းပဲ ချစ်ဖို့ကောင်းပါတယ်။ ဒါကြောင့် တက်တူးထိုးရတာသဘောကျတဲ့ မိန်းကလေးတွေအတွက် လှပတဲ့ပန်းပွင့်ပုံ တက်တူးဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။

လက်မှာ ဒီလိုပန်းပုံလေးတွေလည်း ထိုးကြတာများပါတယ်။ လက်တိုဝတ်တဲ့အခါ ပေါ်လွင်နေပြီး အရမ်းလှပါတယ်။

ပန်းပုံကြီးပဲ မထိုးချင်ဘူးဆိုရင် ဒီလိုလေး လိပ်ပြာတစ်ဝက်၊ ပန်းတစ်ဝက် ထိုးကြည့်ပါ။ အရမ်းမိုက်သလို လှလည်းလှပါတယ်။

ဒါကျတော့ လိပ်ပြာနဲ့ပန်းကို တစ်ဝက်စီထိုးပြီး အလယ်က မိန်းကလေးပုံနဲ့ တစ်မျိုးလေးဆန်းသွားပါတယ်။ တက်တူးကို ကြီးကြီးလေးထိုးချင်ရင် ဒါမျိုးလေးထိုးလို့ရပါတယ်။

နေကြာပန်းပုံလေးတွေကတော့ ထိုးလိုက်ရင် လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ လက်တွေ၊ ခြေထောက်တွေမှာထိုးရင် ပိုလှပါတယ်။

ပန်းကိုမှ အသည်းပုံဒီဇိုင်းလေး ထိုးတာက မိန်းကလေးဆန်ပြီးလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ပန်းပုံလေးတွေထိုးမယ်ဆိုရင် ပန်းကြီးပဲမထိုးပဲ ဒီလိုလေးတွေလည်း ထိုးကြည့်ပါ။ တစ်မျိုးဆန်းပြီး လှပါတယ်။

ပန်းပုံတက်တူးထိုးရင် ခြေချင်းဝတ်မှာ footchain ဝတ်ထားသလိုလေး ထိုးလို့ရပါသေးတယ်။ အဲ့လိုလေးတွေထိုးတာလည်း အရမ်းလှပါတယ်။

ပန်းပုံထိုးချင်ပေမယ့် အရမ်းမိန်းကလေးမဆန်ချင်ဘူးဆိုရင် ဒါမျိုးလေး ထိုးလို့ရပါတယ်။ မိုက်လည်းမိုက်သလို လှလည်းလှပါတယ်။

ပန်းပုံတက်တူးထိုးရင် ကျောဘက်တွေမှာ အရှည်လိုက်ထိုးတာတွေ အရမ်းမိုက်ပြီး လှလည်းလှပါတယ်။ ကြောပြောင်ဝတ်မှသာ မြင်ရမှာဆိုတော့ အဆင်ပြေတာပေါ့။

ဒါမျိုးပန်းပွင့်ပုံလေးနဲ့ ကိုယ်ရေးချင်တဲ့စာလေးရေးပြီး ထိုးလို့လည်း ရပါသေးတယ်။

မိန်းကလေးအများစုက ဒီလိုနေရာလေးမှာ ထိုးကြတာများပါတယ်။ ဒီနေရာလေးတွေမှာထိုးရင် ပန်းကိုမှ စာတန်းလေးနဲ့ထိုးမျိုးက အရမ်းလှပါတယ်။

photo source:www.pinterest.com