လက်သည်းပုံဖော်မယ့် မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ လှလည်းလှသလို မိုက်လည်းမိုက်တဲ့ မီးတောက် Flame Nail Design တွေကို မျှဝေပေးလိုက်ပါတယ်။ မြင်နေကျနဲ့မတူတဲ့ Design လေးတွေလည်း ပါပါတယ်။

Flame Nail Design ဆိုရင် လက်သည်းထိပ်လေးတွေမှာ Design ဖော်တာများပါတယ်။ ဒီ Design လေးကျတော့ အောက်နားမှာဖော်ထားတာဖြစ်လို့ အမြင်ပိုဆန်းသွားစေပါတယ်။ အောက်နားမှာဖော်ထားတာဆိုတော့ လက်သည်းမရှည်လည်း ပုံဖော်လို့ရတာပေါ့။

Flame Nail Design ကိုမှ အရောင်စပ်ထားတာလေးက အမြင်ဆန်းပြီး လှပတဲ့ Design လေးပါ။

Flame Nail Design ကိုမှ အရောင်တောက်တောက်ကြီးတွေ၊ ရင့်တာတွေ မဆိုးချင်ဘူးဆိုရင်တော့ ဒီ Design လေးကို ပုံဖော်ကြည့်ပါ။ အမြင်ဆန်းပြီး အရမ်းလှပါတယ်။

ဒီလက်သည်း Design လေးကျတော့ Flame ကိုမှ ပန်းရောင်နဲ့အစိမ်းနုရောင်လေး စပ်ဆိုးထားတာဆိုတော့ လူငယ်ဆန်ပြီး Fancy ဆန်ဆန်နဲ့ အရမ်းလှပါတယ်။

အဖြူရောင်ဆိုးပြီး Flame Design လေးပုံဖော်ချင်တာဆိုရင်တော့ ဒီ Design လေးက အမြင်ပိုဆန်းစေပါတယ်။

အနက်ရောင်ကြိုက်တဲ့သူတွေအတွက် ကြည့်လိုက်တာနဲ့ ထင်းပြီးလှအောင် Flame Design ကို အနီရောင်နဲ့ ပုံဖော်ကြည့်လိုက်နော်။

Flame Design ကိုမှ ခဲရောင်လေးနဲ့ ပုံဖော်ထားတဲ့ ဒီလက်သည်း Design ကတော့ အမြင်ဆန်းပြီး လူငယ်ဆန်ဆန်နဲ့ လှနေတာပါပဲ။

 

 

အပြာရောင်ကြိုက်တယ်ဆိုရင် အနက်ရောင်နဲ့တွဲစပ်ပြီး Flame Design ကို ဒီလိုလေးပုံဖော်ကြည့်နော်။

 

Flame Design ကိုမှ လက်သည်းနီအရောင်စုံနဲ့ လူငယ်ဆန်ဆန် Facny ကျကျလေး ပုံဖော်ထားတာပါ။ လူငယ်ကောင်မလေးတွေဆို ပိုသဘောကျမယ်လို့ ထင်ပါတယ်။

Flame Design ကိုမှ အရမ်းလှတဲ့ Design လေးပါ။ ကြည့်လိုက်တာနဲ့ မီးတောက်ပုံပေါ်လွင်ပြီး ထင်းနေတာပါပဲ။