အသက် ၃၀ ဝန်းကျင် ပိန်ပိန်သွယ်သွယ် အမျိုးသမီးလေးတွေအတွက် လှပနေစေမယ့် ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အသက် ၃၀ ဝန်းကျင်မဟုတ်ပဲ ၃၀ ကျော်ဖြစ်နေလည်း စတိုင်လ်ကျကျလေးတွေ၊ လှလှပပလေးတွေ ဝတ်ရတာကို ကြိုက်တယ်ဆိုရင်တော့ ဒီဖက်ရှင်လေးတွေကို သဘောကျမှာပါ။

စကပ်အတိုပေမယ့် အမြင်မရိုင်းပဲ လှနေစေမယ့် ဖက်ရှင်လေးပါ။ အသက် ၃၀ ဝန်းကျင် ပိန်ပိန်သွယ်သွယ်လေးတွေကို ပိုပြီးနုပျိုသွားစေမယ့် ဖက်ရှင်လေးလည်း ဖြစ်ပါတယ်။

ဂါဝန်အဖြူလေးတွေဆိုလည်း နုပျိုပြီးလှနေစေတဲ့ ဖက်ရှင်လေးဖြစ်လို့ အသက် ၃၀ ဝန်းကျင်၊ အသက် ၃၀ ကျော်တွေနဲ့ လိုက်ဖက်ပါတယ်။

ဂျင်းဘောင်းဘီအရှည်လေးတွေကို shoulder off လေးတွေနဲ့ တွဲဝတ်ပြီး ဒေါက်ဖိနပ်လေးစီးလိုက်ရင် ကျော့ရှင်းပြီး လှသွားမှာပါ။

Freestyle လေးဝတ်မယ်ဆိုရင် ဒီလိုဖက်ရှင်လေးကိုဝတ်ပါ။ စတိုင်လ်ကျပြီး မိုက်သလို လှလည်းလှပါတယ်။

ဂျင်းဘောင်းဘီကို ဒီလိုအင်္ကျီလေးတွေနဲ့ တွဲဝတ်တာက အသက် ၃၀ ဝန်းကျင်တွေ၊ အသက် ၃၀ ကျော်တွေကို စမတ်ကျပြီး လှသွားစေမယ့် ဖက်ရှင်ပါပဲ။

ဒီလိုဂါဝန်အရှည်လေးတွေကိုဝတ်ပြီး ဒေါက်ဖိနပ်လေးစီးတာမျိုးက အရမ်းလှပါတယ်။ အသက် ၃၀ ဝန်းကျင်၊ အသက် ၃၀ ကျော်တွေနဲ့လည်း အလိုက်ဖက်ဆုံးပါပဲ။

ပွဲတွေသွားစရာရှိတဲ့အခါမှာဆိုရင် ဒီလိုဖက်ရှင်လေးကို ရွေးချယ်ပါ။ ကျော့ရှင်းပြီး အရမ်းလှပါတယ်။ အသက် ၃၀ ဝန်းကျင်တွေ၊ အသက် ၃၀ ကျော်တွေဆီမှာ ရှိထားသင့်တဲ့ဖက်ရှင်ထဲမှာ ဒီလိုစကပ်လေးတွေလည်း ပါတယ်နော်။

ဒီလို bell pant အရှည်တွေက ဝတ်လိုက်ရင် အရမ်းစမတ်ကျပြီး လှသွားစေတာကြောင့် ဒါလည်း ဝတ်သင့်တဲ့ ဖက်ရှင်ပါပဲ။

ဒီလိုဖက်ရှင်လေးကျတော့ ချစ်ဖို့လည်းကောင်းသလို လှလည်းလှပါတယ်။ အသက် ၃၀ ဝန်းကျင်တွေနဲ့လည်း အရမ်းလိုက်ပါတယ်။

ဒီလိုဂါဝန်အရှည်လေးတွေလည်း ရှိထားဖို့လိုပါတယ်။ ဒေါက်ဖိနပ်လေးတွေစီးထားရင် ပိုတောင်လှပါသေးတယ်။ ထသွားထလာအတွက်ဆိုလည်း လှလှလေးဖြစ်စေသလို ပွဲတက်အတွက်ဆိုလည်း အရမ်းအဆင်ပြေတဲ့ ဖက်ရှင်မျိုးပါ။

Photo source:www.pinterest.com