နေ့တိုင်းမိတ်ကပ်ပြင်ဆင်နေရတဲ့အခါ တစ်ခါတစ်လေကျရင် foundation မလိမ်းချင်ကြတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒါကြောင့် everyday look အတွက် နေ့တိုင်းပြင်လို့ အဆင်ပြေတဲ့ foundation လိမ်းစရာမလိုပဲ လှနေစေမယ့် makeup look ကို ဘယ်လိုပြင်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

အရင်ဆုံး ကိုယ်လိမ်းနေကျ skincare တွေကိုလိမ်းပေးပါ။ ပြီးရင် sunscreen ကို tone up ပါတာလေး သုံးပါမယ်။ Foundation လိမ်းစရာမလိုပဲ skin tone တစ်ဆင့်ပိုဖြူသွားတော့ ပိုလှတာပေါ့။

Foundation မလိမ်းလည်း အသားအရောင်ညီပြီးလှနေစေဖို့ concealer သုံးပါမယ်။ Concealer ကို မျက်ကွင်းညိုတဲ့နေရာတွေအပြင် ပုံမှာပြထားတဲ့နေရာလေးတွေကိုပါ သုံးပေးပါ။ ပြီးရင် လက်နဲ့မလိမ်းပဲ makeup sponge နဲ့လိမ်းပေးပါ။

မျက်ခုံးမွှေးဆွဲပါမယ်။ ပြီးရင် eyebrow mascara နဲ့ဖြီးပေးပါ။ ဒါမှ မျက်ခုံးမွှေးတစ်မျှင်ချင်းဖြစ်ပြီး natural ဆန်မှာပါ။

အညိုရောင် eyeshadow ကို မျက်ခွံမှာခြယ်ပါမယ်။ မျက်လုံးအောက်နားလေးကိုလည်း ခြယ်ပေးပါ။

ပါးနီအတွက်တော့ natural ဆန်အောင်လို့ liquid blusher သုံးထားပါမယ်။ အရောင်ကိုလည်း အရမ်းထင်းနေတာမျိုးမဖြစ်အောင်၊ အဝတ်အစားတိုင်းနဲ့လည်း လိုက်ဖက်အောင် အညိုဖောက်တဲ့အရောင်လေး ရွေးထားပါတယ်။

ပါးနှစ်ဖက်အပြင် နဖူး၊ နှာခေါင်းထိပ်နဲ့ မေးစိနေရာလေးကိုလည်း သုံးပါမယ်။ ပြီးရင် လက်လေးနဲ့ပဲ ပုတ်ပြီးသေချာလိမ်းပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

Eyeliner ကို မျက်လုံးထိပ်ကနေ စမဆွဲပဲနဲ့ ဘေးနားလေးကိုပဲ wing လေးထွက်ဆွဲပေးပါ။ Eyeliner ကိုလည်း ပြင်ထားတဲ့ look နဲ့လိုက်အောင် အညိုလေးသုံးထားပါတယ်။

Highlighter ကိုလည်း အညိုဖောက်တဲ့အရောင်လေး သုံးထားပါတယ်။ မရှိရင်လည်း ကိုယ်အဆင်ပြေတဲ့ highlighter သုံးလို့ရပါတယ်။

Highlighter ကို ပါးရိုးနှစ်ဖက်၊ နှာတံနဲ့ မေးစိကို ခြယ်ပေးပါ။

အညိုဖောက်တဲ့အရောင်ဆိုရင် မျက်ခွံကိုပါ နည်းနည်းခြယ်ပေးပါ။

နှုတ်ခမ်းနီကို nude color lip gloss လေးဆိုးပါမယ်။

နောက်ဆုံးမှာတော့ setting spray or facial mist ဖြန်းလိုက်ရုံပါပဲ။

ဒါဆိုရင်တော့ foundation လိမ်းစရာမလိုပဲလှနေတဲ့ everyday makeup look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။