မိတ်ကပ်ပြင်ရင် ရိုးရိုးရှင်းရှင်းလေးပြင်တာက ရုပ်ပိုနုသွားစေပြီး ကြည့်ရတာလည်း အကြည်ဓာတ်လိုမျိုးလေး ဖြစ်နေစေပါတယ်။ အခုနောက်ပိုင်းမှာဆိုလည်း heavy makeup look တွေထက် သဘာဝဆန်ဆန်လေးတွေက ပိုပြီးခေတ်စားပါတယ်။ ဒါကြောင့် မိန်းကလေးတိုင်းအတွက် ရိုးရိုးရှင်းရှင်းလေးနဲ့ နူးညံ့တဲ့ပုံစံလေးနဲ့ လှနေစေမယ့် လွယ်ကူသော simple makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး ကိုယ်လိမ်းနေကျ skincare တွေလိမ်းပြီး sunscreen, primer လိမ်းပေးပါ။

ပြီးမှ အောက်ခံမိတ်ကပ်လိမ်းပါမယ်။ Simple makeup look အတွက်တော့ glow နေတာမျိုးလေးက ပိုလှပါတယ်။ ဒီထဲမှာတော့ cushion ကိုသုံးထားပါတယ်။

Cushion လိမ်းပြီးရင် powder ကို brush နဲ့ယူပြီး လိမ်းပေးပါ။ ဒါမှ မိတ်ကပ်သားက သိပ်သိပ်ညက်ညက်လေး ဖြစ်နေမှာပါ။

နှာတံလေးပေါ်အောင်လို့ နှာတံကိုလည်း ပါးပါးလေးဖော်ပေးပါ။

အရေးအကြီးဆုံးဖြစ်တဲ့ မျက်ခုံးမွှေးဆွဲပါမယ်။

Simple makeup look လေးအတွက် မိန်းကလေးဆန်ဆန်နဲ့ နူးညံ့တဲ့ပုံစံလေးဖြစ်အောင် eyeshadow ကို ပန်းရောင်ဘက်သွားတာလေးတွေ သုံးပါမယ်။

အရင်ဆုံး မိတ်ကပ်ရောင်နုနုလေးကို မျက်ခွံမှာခြယ်ပါမယ်။ ပန်းရောင်ဘက်သွားတဲ့ အရောင်နုနုလေးကိုယူပြီး မျက်ခွံမှာ ထပ်ခြယ်ပါမယ်။ အပေါ်အထိခြယ်စရာမလိုပါဘူး။

အညိုနည်းနည်းဖောက်တဲ့အရောင် (သို့) ပန်းရောင်အရင့်ကိုယူပြီး eyeliner line လေးမှာ ခြယ်ပေးပါ။

ခုနက မျက်ခွံမှာခြယ်တဲ့ ပန်းရောင်ဘက်သွားတဲ့ အရောင်နုနုလေးကိုပဲ ပါးနီအနေနဲ့ ခြယ်ပါမယ်။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

အနီရောင်ဘက်သွားတဲ့ နှုတ်ခမ်းနီကို နှုတ်ခမ်းအတွင်းသားမှာဆိုးပြီး အပြင်ဘက်ကို လက်လေးနဲ့ blend လုပ်ပေးပါ။ အဲ့လိုလေးဆိုးတာက ကိုရီးယားမလေးတွေဆိုးနေကျပုံစံလေးဖြစ်ပြီး အရမ်းလှပါတယ်။

အားလုံးပြီးပြီဆိုရင်တော့ ရိုးရိုးရှင်းရှင်းလေးနဲ့ နူးညံ့တဲ့ပုံစံလေးနဲ့ လှနေစေမယ့် simple makeup look လေးကို ရရှိသွားပါပြီ။