လက်သည်းပုံဖော်ရတာ၊ လက်သည်းနီဆိုးရတာ ဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ အရမ်းလှတဲ့ Disco Gel လက်သည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ တစ်ခါတစ်လေ ဒီဇိုင်းပုံဆွဲပြီး ပုံမဖော်ချင်ရင် ဒီလို Disco Gel လေးတွေဆိုးတာက အကောင်းဆုံးပါပဲ။ ကြည့်လိုက်တာနဲ့ ထင်းပြီး လင်းနေတာပါ။

ဒီအရောင်လေးဆိုရင် ဒီတိုင်းဗြောင်ပဲဆိုးလည်းလှသလို ဒီလိုကျောက်ကပ်လိုက်တော့လည်း ပိုလှသွားတာပါပဲ။ အရမ်းလှလို့ ဘယ်အချိန်ကြည့်ကြည့် ရိုးမှာမဟုတ်ပါဘူး။

မိန်းကလေးဆန်တဲ့ အရောင်လေးဆိုးမယ်လို့ စဉ်းစားထားရင် Disco Gel ကို ဒီအရောင်လေးဆိုးကြည့်ပါ။ အရမ်းလှပါတယ်။

ခရမ်းရောင်ကိုမှ ဒီလိုအရင့်လေးဆိုးလည်း အရမ်းလှပါတယ်။ စိုပြီး လက်ပိုဖြူသွားစေပါတယ်။

ခရမ်းနဲ့ခဲရောထားသလို အရောင်လေးဖြစ်တာကြောင့် ဘိုဆန်ပြီး အရမ်းလှပါတယ်။ အသားလည်းဆောင်ပါတယ်။

Disco Gel ကိုမှ ကျောက်စိမ်းရောင်လေးဆိုတော့ ထင်းပြီး အရမ်းလှတဲ့အပြင် အသားလည်းဆောင်ပါတယ်။ ကြည့်လိုက်တာနဲ့ ပေါ်လွင်နေမှာ သေချာပါတယ်။

အနက်ရောင်ပဲကြိုက်တယ်ဆိုတဲ့သူတွေကတော့ Disco Gel ကို အနက်ရောင်ဆိုးပါ။ အထာကျပြီး မိုက်သလို လှလည်းလှပါတယ်။

ဒီအရောင်လေးဆိုလည်း ဘိုဆန်ပြီးလှတဲ့ အရောင်လေးပါပဲ။

လူငယ်ကောင်မလေးတွေဆိုရင် Disco Gel ကိုမှ ဒီလိုအရောင်အငြိမ်လေးနှစ်ရောင် စပ်ဆိုးကြည့်နော်။ အသားဆောင်ပြီး လှပါတယ်။

ဒီအရောင်လေးကတော့ အရမ်းငြိမ်ပြီး အသားဆောင်တဲ့အတွက် လူကြီးလူငယ် အားလုံးနဲ့ လိုက်ပါတယ်။

ဒါလည်း လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်ပြီး အရမ်းလည်းအသားဆောင်တဲ့ အရောင်လေးပါ။ Disco Gel ဆိုးထားတာဆိုတော့ လင်းပြီး ပိုတောင်လှပါသေးတယ်။

Photo source:www.pinterest.com