Makeup ပြင်ဆင်တဲ့အခါမှာ Dewy Look လေးဆိုရင် တော်တော်များများက ကြိုက်ကြတာပါပဲ။ ဘယ်အချိန်ကြည့်ကြည့်လည်း လှပါတယ်။ ဒါကြောင့် Makeup ပြင်ရတာ သဘောကျတဲ့ မိန်းကလေးတွေအတွက် နေ့တိုင်းပြင်ဆင်ဖို့လည်း အဆင်ပြေပြီး အရမ်းလှတဲ့ Dewy Glass Skin Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး အောက်ခံ Foundation အရင်လိမ်းပါမယ်။

မျက်လုံးကို Pencil Eyeshadow Liner ပန်းရောင်လေးနဲ့ Eyeliner ဆွဲသလိုလေး မျက်ခွံမှာရော၊ အောက်မျက်ခမ်းစပ်လေးမှာရော ဆွဲပေးပါ။

ပန်းနုရောင် Eyeshadow ကိုယူပြီး မျက်ခွံမှာ ပါးပါးလေးခြယ်ပါမယ်။ မျက်လုံးအောက်နား ထောင့်လေးတွေကိုလည်း ခြယ်ပါမယ်။

Glitter Eyeshadow ကို မျက်လုံးအောက်နားမှာ နည်းနည်းခြယ်ပါမယ်။

Eyeshadow အညိုဖျော့ (သို့) အသားရောင်ကို မျက်လုံးအောက် မျက်ရစ်လိုင်းအတိုင်း နည်းနည်းခြယ်ပါမယ်။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

မျက်လုံးလေးပိုလှသွားအောင် မျက်တောင်တုတပ်ပါမယ်။ မျက်တောင်တုကို တစ်ပင်ချင်းစီလိုပုံစံမျိုးလေးကို တပ်မှာပါ။

မျက်လုံးခြယ်လို့ပြီးပြီဆိုတော့ မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးမဆွဲခင်မှာ Brush နဲ့ အရင်ဖြီးပါမယ်။

နှာတံပေါ်အောင် Contouring Palette အညို (သို့) Eyeshadow အညိုနဲ့ နှာတံဖော်ပါမယ်။

ပါးနီကို ပန်းရောင်ဖျော့ဖျော့လေးခြယ်ပါမယ်။ မျက်လုံးအောက် ထောင့်နားလေးကိုပါ နည်းနည်းထပ်ခြယ်ပေးပါ။

နှုတ်ခမ်းနီမဆိုးခင်မှာ Lip Liner နဲ့ နှုတ်ခမ်းပုံဖော်ပါမယ်။ ပြီးမှ နှုတ်ခမ်းနီဆိုးပါမယ်။ နှုတ်ခမ်းနီကို ပန်းရောင်ဖျော့ဖျော့လေး ဆိုးပါမယ်။

နှုတ်ခမ်းသားစိုစိုလေးဖြစ်နေအောင် Lip Gloss လေးထပ်ဆိုးပေးပါ။

Highlighter နဲ့ နှာတံနေရာ၊ ပါးရိုးနှစ်ဖက်ကို Glow သွားအောင် နည်းနည်းစီလိုက်ခြယ်ပါမယ်။

နောက်ဆုံးမှာတော့ Setting Spray ဖြန်းလိုက်ပါမယ်။

ဒါဆိုရင်တော့ နေ့တိုင်းပြင်ဆင်ဖို့အတွက် အရမ်းလှတဲ့ Dewy Glass Skin Makeup Look လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။