တချို့က Foundatin လိမ်းရတာမျိုးကို သိပ်မကြိုက်ကြပါဘူး။ ဒီလို Foundation မလိမ်းချင်တဲ့သူတွေအတွက် Daily Look အတွက်လည်း အရမ်းအဆင်ပြေတဲ့ Foundation လိမ်းစရာမလိုတဲ့ Makeup Look လှလှလေးပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။
Foundation မလိမ်းဘူးဆိုတော့ အရင်ဆုံး Skincare သေချာလိမ်းပါမယ်။

Foundation မလိမ်းတဲ့အတွက် အသားအရောင်ညီအောင် Concealer တော့ သေချာသုံးပါမယ်။ ပုံမှာသုံးပြထားတဲ့ နေရာလေးတွေကို လိမ်းပေးပါ။

မျက်ခုံးမွှေးဆွဲပြီး Brow Gel နဲ့ ဖြီးပါမယ်။ Brow Gel မရှိရင် Mascara နဲ့ဖြီးလည်း ရပါတယ်။

အညိုဖောက်တဲ့ Eyeshadow ကို မျက်ခွံမှာခြယ်ပါမယ်။

ရွှေရောင် (သို့) ရွှေညိုရောင် Glitter Eyeshadow ကို မျက်ခွံမှာ နည်းနည်းထပ်ခြယ်ပါမယ်။

အညိုဖျော့ရောင် Eyeshadow ကို မျက်ခွံအောက်နားမှာ နည်းနည်းခြယ်ပါမယ်။

Eyeliner ကို ရှည်ရှည်လေးဆွဲပေးပါ။ မျှင်မျှင်လေးပဲ ဆွဲပါမယ်။

Contour Stick နဲ့ နှာတံဖော်ပြီး မေးရိုး ပါးရိုး နည်းနည်းချပါမယ်။

ပါးနီကို ဒီမှာတော့ Lip Gloss လေးသုံးပြီး ခြယ်မှာဖြစ်ပါတယ်။ ပန်းရောင် Lip Gloss လေးကို သုံးမှာပါ။ Lip Gloss ဆိုတော့ ပြောင်ပြောင်လေးနဲ့ Glow တာပေါ့။

Highlighter ကို နှာတံနဲ့ မျက်လုံးထောင့်အရှေ့နားလေးမှာ နည်းနည်းခြယ်ပါမယ်။ ပြီးရင်တော့ Mascara နဲ့ မျက်တောင်ကော့ပါမယ်။

Daily Look အတွက်အဆင်ပြေပြီး အဝတ်အစားအရောင်မရွေး လိုက်ဖက်အောင် နှုတ်ခမ်းနီကို အညိုရောင် Lip Gloss လေးဆိုးပါမယ်။ ပိုပြီး မျက်နှာလေးလင်းချင်ရင် လိမ္မော်ဖောက်တဲ့ Lip Gloss လေးကို ထပ်ဆိုးလိုက်ပါ။

အားလုံးပြင်ပြီးသွားပြီဆိုရင် နောက်ဆုံးမှာ Setting Powder (သို့) Powder Pact ကို Brush နဲ့ယူပြီး လိမ်းပါမယ်။

ဒါဆိုရင်တော့ Daily Look အတွက် Foundation လိမ်းစရာမလိုတဲ့ Makeup Look လှလှလေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။