ခြေသည်းကို ပုံဖော်တာတွေမလုပ်ချင်ဘူးဆိုရင် Gel ကာလာကိုပဲ ၂ ရောင်စပ်၊ ၃ ရောင်စပ်ပြီး ဆိုးကြည့်ပါ။ ရိုးမသွားပဲလှပါတယ်။ လိုက်ဖက်တဲ့အရောင်တွေကို စပ်ဖို့တော့လိုတာပေါ့။ ဒါကြောင့် ခြေသည်းကို ရိုးရိုးရှင်းရှင်းပဲ ဆိုးချင်တဲ့သူတွေအတွက် လှပတဲ့ အရောင်စပ်ကာလာတွေကို မျှဝေပေးလိုက်ပါတယ်။
အစိမ်းကို အဖြူနဲ့စပ်ထားတာကတော့ လိုက်ဖက်ပါတယ်။ အစိမ်းကလည်း အသားဆောင်တဲ့ အစိမ်းရောင်မျိုးဖြစ်တာကြောင့် ခြေထောက်မှာဆိုးရင် အရမ်းလှပါတယ်။
ခြေသည်းနီကို ဘာအရောင်ဆိုးရမှန်းမသိရင် အမဲရောင်သာဆိုးပါ။ ငွေရောင်ဖောက်ပြီး ဆိုးရင် ပိုတောင်လှပါသေးတယ်။ ဘယ်တော့မှရိုးမသွားပဲ လှနေမှာပါ။
အမဲရောင်ကို ဒီလိုအဝါရောင်နဲ့ တွဲဆိုးတာမျိုးက ရှားပါတယ်။ ဒါကြောင့် ဆိုးကြည့်ပါ။ အသားဆောင်ပြီး အရမ်းလှပါတယ်။
ကာလာတောက်တောက်လေးနဲ့ ထင်းနေတာမျိုးလေး ဆိုးချင်တယ်ဆိုရင် ဒီ ၃ ရောင်ကိုသာ စပ်ဆိုးပါ။ အသားဆောင်ပြီး ထင်းပြီးပေါ်လွင်နေမှာပါ။
အရောင်နုနုလေးတွေကြိုက်တဲ့ လူငယ်ကောင်မလေးတွေဆိုရင် ဒီကာလာလေးတွေကို စပ်ဆိုးကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။
ဘာအရောင်တွေနဲ့ တွဲဆိုးရမှန်းမသိရင် ကိုယ်ဆိုးချင်တဲ့ကာလာတစ်ခုကို ရွေးချယ်ပြီးတော့ အဖြူရောင်နဲ့သာ စပ်ဆိုးလိုက်ပါ။
အသားဆောင်ပြီးဘိုဆန်တဲ့ ဒီကာလာလေးတွေကိုလည်း ဆိုးကြည့်ပါ။ ခြေထောက်မှာဆိုးရင် အရမ်းလှပါတယ်။
ခြေထောက်ဖြူရင် ဒီကာလာလေးတွေဆိုးကြည့်ပါ။ ထင်းပြီး အရမ်းလှပါတယ်။
အညိုပုတ်ပုတ်ကို အဖြူနဲ့ ခဲငွေမှုန်နဲ့ စပ်ပြီးဆိုးထားတာက ကာလာငြိမ်ပြီးလှပပါတယ်။
ငွေရောင် Glitter လေးတွေကို အဖြူနဲ့စပ်ပြီးဆိုးထားတာဆိုတော့ ရိုးရိုးရှင်းရှင်းနဲ့ အရမ်းလှပါတယ်။ လူကြီးလူငယ်လိုက်ဖက်တဲ့ ပုံစံလေးလည်း ဖြစ်ပါတယ်။
Photo source:www.pinterest.com