လက်သည်းနီကို အရောင်စပ်ပြီးဆိုးရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် အိမ်မှာ လိုက်ဖက်တဲ့အရောင်လေးတွေကို စပ်ပြီးဆိုးလို့ရအောင် Colorful လက်သည်း Design တွေကို ဖော်ပြပေးလိုက်ပါတယ်။ အရောင်တွေစပ်ဆိုးတာကလည်း မလိုက်ဖက်တဲ့အရောင်တွေ တွဲမိရင် ကြည့်ရဆိုးပါတယ်။ ဒါကြောင့် Design လေးတွေကိုကြည့်ပြီး ဆိုးကြည့်ပါ။

အစိမ်းရောင်ကြိုက်တဲ့သူတွေအတွက် ဒီအရောင် ၃ ရောင်ကို စပ်ဆိုးထားတာလေးက ဘိုဆန်ပြီး အရမ်းလှပါတယ်။

ဒီအရောင်လေးတွေဆိုလည်း အရောင်ငြိမ်ငြိမ်လေးနဲ့ ဘိုဆန်ပြီးလှတာကြောင့် စပ်ဆိုးကြည့်ပါ။

ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေမယ့် အရောင်လေးတွေကို စပ်ဆိုးထားတာပါ။ လူငယ်လည်းဆန်တဲ့ အရောင်နုနုလေးတွေချည်းပါပဲ။

အရောင်နုနုလေးကိုမှ မထင်းပဲငြိမ်တာလေး ကြိုက်တဲ့သူတွေအတွက် အရမ်းလှတဲ့အရောင်လေးတွေကို စပ်ဆိုးထားတာပါ။ လက်သည်းအရှည်မထားတဲ့သူတွေနဲ့ဆို ပိုလိုက်ပါတယ်။

အရောင်များများစပ်ဆိုးချင်ရင် ဒီအရောင်လေးတွေအတိုင်း ဆိုးကြည့်ပါ။ လူငယ်ဆန်ပြီး လှပါတယ်။

အသားဆောင်ပြီး အရမ်းလှတဲ့ အရောင်လေးတွေကို စပ်ဆိုးထားတာပါ။ ဒီ ၃ ရောင်ရှိရင် စပ်ဆိုးကြည့်ပါ။

အပြာအနုအရင့်နဲ့ အဖြူနဲ့ကို စပ်ဆိုးထားတာလေးကလည်း အရမ်းလှပါတယ်။

ဒီအရောင်လေးတွေကို စပ်ဆိုးထားတာကျတော့ အသားဖြူရင် ပိုလိုက်ပါတယ်။

အစိမ်းရောင်ကြိုက်တယ်၊ အရောင်အများကြီးလည်း စပ်မဆိုးချင်ဘူးဆိုရင် အနုနဲ့အရင့်ကိုပဲ စပ်ဆိုးကြည့်ပါ။

ပန်းရောင်နဲ့ အဝါရောင်ကို စပ်ဆိုးထားတာ အရမ်းလှပါတယ်။ ၂ ရောင်ထဲဖြစ်လို့ ပိုပြီးပေါ်လွင်စေပါတယ်။

Fancy ဆန်ဆန် လူငယ်ဆန်ဆန်နဲ့ အရမ်းလှတဲ့ လက်သည်း Design လေးပါ။ ကြည့်လိုက်တာနဲ့ ထင်းနေစေမယ့် အရောင်လေးတွေကိုပဲ ၅ ရောင်တောင် စပ်ဆိုးထားတာဖြစ်လို့ အရောင်များများစပ်ဆိုးချင်ရင် ဒီလိုလေးဆိုးကြည့်ပါ။

Photo source:www.pinterest.com