ခြေသည်းပုံဖော်ချင်တဲ့ကောင်မလေးတွေအတွက် လှပတဲ့ လိပ်ပြာပုံခြေသည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ လိပ်ပြာဒီဇိုင်းကြိုက်ရင်တော့ ဒီခြေသည်းဒီဇိုင်းတွေထဲက စိတ်ကြိုက်ရွေးချယ်လိုက်တော့နော်။

အဖြူပေါ်မှာပုံဖော်ထားတာဖြစ်လို့ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။ ဘယ်တော့မှရိုးမသွားစေမယ့် ဒီဇိုင်းမျိုးပါ။

ဒီလိပ်ပြာပုံဒီဇိုင်းလေးကျတော့လည်း တစ်မျိုးလေးလှတာပါပဲ။ အရောင်ရင့်တာလေးတွေ ဆိုးဖြစ်တဲ့အခါ ရွေးချယ်သင့်တဲ့ ဒီဇိုင်းလေးပါ။

အဖြူရောင်နဲ့ ရွှေရောင်ကို စပ်ပြီး ပုံဖော်ထားတဲ့ ဒီခြေသည်းဒီဇိုင်းလေးဆိုလည်း အရမ်းလှပါတယ်။

အပြာရောင်ကြိုက်တဲ့ ကောင်မလေးတွေ ပုံဖော်သင့်တဲ့ နောက်ထပ် လိပ်ပြာဒီဇိုင်းလေးပါ။ ကြည့်လိုက်တာနဲ့ ထင်းပြီးပေါ်လွင်နေမှာနော်။

အကြည်ရောင်လေးဆိုးပြီး ပုံဖော်တဲ့အခါမှာဆိုရင်တော့ ဒီခြေသည်းဒီဇိုင်းလေးက လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ခြေမတစ်ချောင်းထဲ အပြည့်ပုံဖော်ချင်တာဆိုရင် ဒီခြေသည်းဒီဇိုင်းလေးတွေက ထင်းပြီး အရမ်းလှပါတယ်။ လိပ်ပြာပုံလည်း သေချာပေါ်လွင်စေတဲ့ ဒီဇိုင်းလေးတွေပါ။

ရှင်းရှင်းလေးနဲ့လှတဲ့ လိပ်ပြာဒီဇိုင်းလေးပါ။ Simple ဖြစ်တာမျိုးကြိုက်ရင် ဒီခြေသည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။

ဒါကတော့ အနက်ရောင်ကြိုက်တဲ့သူတွေအတွက် လှလည်းလှသလို မိုက်လည်းမိုက်တဲ့ လိပ်ပြာပုံ ခြေသည်းဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးကတော့ အနီရောင်ကြိုက်တဲ့သူတွေအတွက်ပါ။ အသားဆောင်တဲ့ အရောင်ဖြစ်တဲ့အပြင် လိပ်ပြာဒီဇိုင်းလေးကလည်း အရမ်းလှပါတယ်။

Photo source:www.pinterest.com