အခုနောက်ပိုင်း မိန်းကလေးတော်တော်များများလည်း တက်တူးလေးတွေ ထိုးလာကြတာဆိုတော့ လိပ်ပြာပုံလေးတွေ ကြိုက်တဲ့သူများအတွက် လှပတဲ့ လိပ်ပြာပုံ တက်တူးဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ လိပ်ပြာပုံလေးတွေက မိန်းကလေးတွေနဲ့ အရမ်းလည်းလိုက်ဖက်ပါတယ်။

သေးသေးလေးပဲ ထိုးချင်တယ်ဆိုရင် ဒီလိုလိပ်ပြာပုံလေးကို လက်မှာထိုးလို့ရပါတယ်။

ခြေထောက် ခြေမျက်စိနားမှာ ထိုးမယ်ဆိုရင်တော့ ဒီလိုလိပ်ပြာပုံလေးက ပိုလှပါတယ်။ အရမ်းသေးလွန်းတော့လည်း သိပ်မပေါ်တဲ့အတွက် ဒီလောက်ဆိုဒ်လေးက အနေတော်ပါပဲ။

လိပ်ပြာပုံချည်းပဲမထိုးချင်ရင် ဒီလိုလေးလည်း ထိုးလို့ရပါသေးတယ်။ မိန်းကလေးဆန်ပြီးလှတဲ့ ဒီဇိုင်းလေးပါ။

လက်မှာထိုးတဲ့အခါ ထင်းထင်းလေးထိုးချင်တယ်ဆိုရင် ဒီတက်တူးဒီဇိုင်းလေးက အရမ်းလှပါတယ်။ ထင်းပြီးပေါ်လွင်နေမယ့် ဒီဇိုင်းလေးပါ။

မိန်းကလေးတော်တော်များများက ရင်ဘတ်နားမှာ တက်တူးထိုးကြတာ များပါတယ်။ လိပ်ပြာပုံလေးကိုမှ အမြှောင်းလေးတွေပဲ ထင်းနေအောင် ပုံဖော်ထားတာက အရမ်းလှပါတယ်။

လိပ်ပြာကိုမှ သူများနဲ့မတူတဲ့ပုံစံမျိုး ထိုးချင်ရင်တော့ ဒီလိုဒီဇိုင်းလေးတွေက မိုက်လည်းမိုက်သလို လှလည်းလှပါတယ်။ အနုပညာဆန်တဲ့ ဒီဇိုင်းလေးတွေပါ။

လိပ်ပြာကိုမှ အရောင်လေးတွေနဲ့ ထိုးမယ်ဆိုရင် မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ဒီတက်တူးဒီဇိုင်းလေးဆိုရင် လိပ်ပြာပုံလေးနဲ့ စာသားလေးပါ ထိုးထားတဲ့အတွက် မြင်နေကျပုံစံတွေထက် ပိုပြီးလှပါတယ်။

လိပ်ပြာပုံကို နည်းနည်းဆန်းအောင် ထိုးချင်တယ်၊ ကြီးအောင်လည်း ထိုးချင်တယ်ဆိုရင်တော့ ဒီတက်တူးဒီဇိုင်းလေးတွေက အရမ်းလှပါတယ်။

Photo source:www.pinterest.com