အားလုံးပဲမင်္ဂလာပါနော်။ ကျစ်ဆံမြီးကျစ်ရတာ ကြိုက်တဲ့သူတွေ၊ ဆံပင်ကို အမျိုးမျိုးလုပ်ရတာ ကြိုက်တဲ့သူတွေအတွက် ဒီတခါမှာတော့ ကျစ်ဆံမြီး ပုံစံလေးတွေကို မျှဝေပေးချင်ပါတယ်။

မိန်းကလေးအများစုက အလွယ်တကူ မြန်မြန်ဆန်ဆန် ဖြစ်အောင် ဆံပင်ကို စုစည်းပြီးနေတာဖြစ်ဖြစ် ကလစ်နဲ့ညှပ်ထားတာဖြစ်ဖြစ် နေတတ်ကြတာများပါတယ်။

ဒါပေမယ့် အခုလိုမျိုး ဆံပင်ကို စုစည်းတာများလာပြီး ဆံသားကို ပြန်ပြီးထိန်းသိမ်းမှုမရှိဘူးဆိုရင်‌တော့ အချိန်ကြာလာတဲ့အခါ ဆံပင်တွေကျွတ်လွယ်ပြီး ထိပ်ပြောင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ဒီလိုမျိုး ဆံပင်ကို စုစည်းတာမျိုးမဟုတ်ဘဲနဲ့ အလုပ်သွား၊ ကျောင်းသွား စသဖြင့် နေရာစုံနဲ့လည်း သင့်တော်ပြီးတော့ သူများအမြင်မှာ ရှင်းရှင်းလေးနဲ့ ကြည့်လို့လှနေစေဖို့အတွက် ကျစ်ဆံမြီးဆံပင်စတိုင်လ်လေးတွေကလည်း ကူညီပေးနိုင်ပါသေးတယ်။

ကျစ်ဆံမြီးကျစ်ထားတာက ဆံပင်ကို ရှင်းရှင်းလေးဖြစ်စေပြီး၊ နေရတာလည်း သက်သောင့်သက်သာဖြစ်စေပါတယ်။ အပူလည်းသက်သာစေသလို သင့်ကိုလည်း ပိုပြီးလှစေပါတယ်။

ကဲ..ဒါဆိုရင် ဘယ်လိုကျစ်ဆံမြီးဆံပင်ပုံစံလေးတွေကို ကြည့်ထားပြီးတော့ လိုက်လုပ်ကြည့်လို့ရမလဲဆိုတာ အခုပဲ လေ့လာလိုက်ရအောင်ပါ။

BY: MyStyle Myanmar