လူငယ်ကောင်မလေးတွေတော်တော်များများက လက်ကောက်က လူကြီးဆန်တယ်ဆိုပြီး ဟမ်းချိန်းတွေပဲ ဝတ်ကြတာများပါတယ်။ ဒါကြောင့် လူငယ်ကောင်မလေးတွေနဲ့ လိုက်ဖက်တဲ့ လှပသော လက်ကောက်ဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလက်ကောက်ဒီဇိုင်းလေးတွေကတော့ လူကြီးဆန်တာမျိုး လုံးဝမဖြစ်ပဲ လူငယ်ကောင်မလေးတွေနဲ့ လိုက်ဖက်ပြီး အရမ်းလှနေမှာပါ။ ကိုယ်တိုင်ဒီဇိုင်းအပ်ပြီး လုပ်ချင်တဲ့အခါကျရင် ဒီလက်ကောက်ဒီဇိုင်းလေးတွေကို အိုင်ဒီယာယူပြီး လုပ်လို့ရတာပေါ့။

ဒီလက်ကောက်ဒီဇိုင်းလေးဆိုရင် သေးသေးလေးနဲ့ အရမ်းလှပါတယ်။ ကိုယ်တိုင်ဒီဇိုင်းအပ်ပြီးလုပ်ရင် အရမ်းလှမယ့် ဒီဇိုင်းလေးပါ။ လူငယ်ကောင်မလေးတွေနဲ့လည်း လိုက်ဖက်ပါတယ်။

ဒါလေးကျတော့ ခုနကဒီဇိုင်းနဲ့ နည်းနည်းဆင်ပါတယ်။ ပွဲလည်းတိုးပြီး အမြဲဝတ်ထားဖို့လည်း အဆင်ပြေပါတယ်။ လူငယ်ကောင်မလေးတွေနဲ့လည်း အရမ်းလိုက်ပြီး ဒီဇိုင်းအပ်လုပ်မယ်ဆို တော်တော်လှမှာပါ။

ဒီလက်ကောက်ဒီဇိုင်းလေးကတော့ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။ လူငယ်လူကြီး အားလုံးနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။

ဆွဲကြိုးလုပ်သလိုပဲ ကိုယ်ရေးချင်တဲ့ စာသားဒီဇိုင်းလေးနဲ့၊ ကိုယ့်နာမည်လေးနဲ့ ဒါမျိုးလက်ကောက်လေးလည်း လုပ်လို့ရပါသေးတယ်။ လူငယ်ဆန်ပြီး ဆန်းသစ်နေမယ့် ဒီဇိုင်းလေးပါ။

စိန်တွေ၊ ကျောက်တွေနဲ့ လုပ်ချင်ရင် ဒီလက်ကောက်ဒီဇိုင်းလေးက အရမ်းလှပါတယ်။ လူငယ်ကောင်မလေးတွေအတွက်လည်း လူကြီးဆန်တာမျိုးမဖြစ်စေပဲ အရမ်းလိုက်ပါတယ်။

ဒီလက်ကောက်ဒီဇိုင်းလေးဆိုရင် အရမ်းလှပါတယ်။ လူငယ်ကနေ အသက် ၃၀ ကျော်တွေအထိ အရမ်းလိုက်ဖက်တဲ့ ဒီဇိုင်းဆန်းလေးပါ။

ဒီလက်ကောက်ဒီဇိုင်းလေးကျတော့ ရွေးကိုကျစ်ချည်ထားသလိုပုံစံလေးနဲ့ အရမ်းလှပါတယ်။ လုံးဝတောဆန်တာမျိုး မဖြစ်ပါဘူး။ လူငယ်ကနေ လူကြီးအထိ အကုန်လုံးနဲ့ လိုက်ဖက်တာပါ။

အခုနောက်ပိုင်း လူငယ်ကောင်မလေးတွေက ဒီလိုလက်ကောက်လေးတွေ အရမ်းဝတ်ကြပါတယ်။ ကိုယ်တိုင်ဒီဇိုင်းအပ်မယ်ဆိုရင် ဒီလို ကိုယ့်နာမည်လေးထိုးပြီး လုပ်ရင်လည်း အရမ်းလှပါတယ်။

ခုနကလက်ကောက်ကိုမှ နာမည်မထိုးချင်ရင် ဒီလိုဒီဇိုင်းလေးလုပ်ကြည့်ပါ။ ဘယ်တော့မှရိုးမသွားပဲ လှနေစေမယ့် ဒီဇိုင်းလေးဖြစ်ပါတယ်။

Photo source:www.pinterest.com