အနက်ရောင်ကြိုက်သူများအတွက် ဒီတစ်ခါမှာတော့ ဒီဇိုင်းဆန်းပြီးလှတဲ့ အနက်ရောင် လက်သည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ အနက်ရောင်က ဆိုးလိုက်ရင် အသားဆောင်သလို လှလည်းလှပါတယ်။ ဘယ်တော့မှ ရိုးမသွားတဲ့ အရောင်ပါ။

ဒီလက်သည်းဒီဇိုင်းဆိုရင် အနက်နဲ့ ငွေရောင်လေးကို စပ်ပြီး ပုံဖော်ထားတာ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းလေးပါ။ အနက်ရောင်ဖြစ်နေလို့ကို ပိုလှတာပါ။

ဒီဇိုင်းမိုက်ပြီး လှတာမျိုးလေးကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ လက်သည်းအချွန်လေးတွေနဲ့ဆို ပိုလိုက်တဲ့ ဒီဇိုင်းလေးပါ။

အနက်ရောင်ကြီးပဲမဆိုးချင်ရင် ဒီလိုလေးပုံဖော်ကြည့်ပါ။ တွဲထားတဲ့အရောင်လေးက ဘိုဆန်တဲ့အပြင် ဒီဇိုင်းကလည်း ဆန်းပြီးလှပါတယ်။ လူငယ်ဆန်တဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းလေးကတော့ အိမ်မှာတောင် ကိုယ်တိုင်ပုံဖော်လို့ရပါသေးတယ်။ သိပ်ပြီးပုံဖော်လေ့မရှိကြတဲ့ ဒီဇိုင်းလေးမို့ ရိုးရှင်းပြီးဆန်းပါတယ်။ ရွှေရောင်နဲ့ အနက်ရောင်ကို စပ်ထားတော့ ထင်းပြီး ပိုလှသွားတာပါ။

ဒီလက်သည်းဒီဇိုင်းကတော့ ကြည့်လိုက်တာနဲ့ ဆန်းပြီးလှနေမယ့် ဒီဇိုင်းလေးပါ။

လက်သည်းအချွန်ကြိုက်တဲ့သူတွေအတွက် အရမ်းမိုက်ပြီးလှတဲ့ လက်သည်းဒီဇိုင်းပါ။

Matte ဆိုးမယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးက ရှင်းပြီးဆန်းသလို လှလည်းလှပါတယ်။

ဒါကတော့ အရမ်းမိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှနေစေမယ့် လက်သည်းဒီဇိုင်းလေးတွေပါ။

တော်တော်များများက လက်သည်းမှာ ဖဲပြားကပ်ရင် အဖြူရောင်ပဲ ကပ်ကြတာပါ။ ဒီမှာက အနက်ရောင်လေးကပ်ထားတာဖြစ်လို့ အမြင်ဆန်းပြီး ပိုလှသွားစေပါတယ်။ အနက်ရောင်ကြိုက်ရင် ပုံဖော်ကြည့်သင့်တဲ့ လက်သည်းဒီဇိုင်းလေးတွေပါ။

Photo source:www.pinterest.com