လက်သည်းပုံဖော်ရတာကြိုက်ပြီး Butterfly ပုံလေးတွေလည်း ကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ လှပပြီးဒီဇိုင်းဆန်းတဲ့ Butterfly လက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ မြင်နေကျ Butterfly လက်သည်းဒီဇိုင်းတွေနဲ့မတူတဲ့အတွက် ဆန်းသစ်တဲ့ဒီဇိုင်းတွေ ကြိုက်တယ်ဆိုရင်တော့ ပုံဖော်ကြည့်လိုက်တော့နော်။
Butterfly ကို လက်သည်းအပြည့် ကြီးကြီးလေးပုံဖော်ချင်တာဆိုရင် ဒီလက်သည်းဒီဇိုင်းလေးက အရမ်းလှပါတယ်။ ပွဲတိုးပြီးအရမ်းလှတဲ့ ဒီဇိုင်းလေးပါ။ ဆိုးထားတဲ့အရောင်ကလည်း အသားဆောင်ပါတယ်။
Cat eye ဆိုးတဲ့အခါမှာတော့ Butterfly ပုံဖော်မယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။
Butterfly ကိုမှ တစ်ခြမ်းစီပုံဖော်ထားတာလေးက ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။ Butterfly ပုံလေးတွေ ကြိုက်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုလည်း ပုံဖော်ကြည့်လိုက်နော်။
ပွဲတိုးတဲ့ဒီဇိုင်းလှလှလေး ပုံဖော်မယ်ဆိုရင် ဒီ Butterfly ဒီဇိုင်းလေးကလည်း အရမ်းလှပါတယ်။ ဒီဇိုင်းကလည်း မြင်နေကျနဲ့လုံးဝမတူပါဘူး။
Butterfly ကို လက်သည်းအပြည့်ပုံဖော်ထားပြီး ဆိုးထားတဲ့ လက်သည်းနီလေးကလည်း ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။ လက်သည်းရှည်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်သင့်ပါတယ်။
အနက်ရောင်ကြိုက်တဲ့သူတွေ ပုံဖော်သင့်တဲ့ အရမ်းလှသော Butterfly လက်သည်းဒီဇိုင်းလေးပါ။
ကြည့်လိုက်တာနဲ့ထင်းပြီး ဒီဇိုင်းလည်းဆန်းတာမျိုး၊ ပွဲလည်းတိုးတာမျိုး ပုံဖော်ချင်တယ်ဆိုရင်တော့ ဒီ Butterfly လက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်လိုက်ပါ။ အရမ်းလှပါတယ်။
လက်သည်းအပြည့်ပုံဖော်ထားတဲ့ Butterfly လက်သည်းဒီဇိုင်းကိုမှ နောက်ထပ်လှပတဲ့ ဒီဇိုင်းဆန်းလေးပါ။
ရှင်းရှင်းလေးနဲ့လှတာမျိုးဆိုရင် ဒီ Butterfly လက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်လိုက်နော်။
အဖြူရောင်ကြိုက်တဲ့သူတွေအတွက် သန့်ပြီးအရမ်းလှတဲ့ Butterfly လက်သည်းဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။
မြင်နေကျဒီဇိုင်းတွေနဲ့လုံးဝမတူပဲ ကွဲထွက်ပြီး လှနေစေမယ့် Butterfly လက်သည်းဒီဇိုင်းလေးပါ။ ပန်းရောင်ဘက်သွားတဲ့ အရောင်လေးတွေ ကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ရွေးချယ်လိုက်တော့နော်။
အညိုရောင်လိုမျိုး အရောင်ငြိမ်တာလေးတွေ ကြိုက်တယ်ဆိုရင်တော့ ဒီ Butterfly လက်သည်းဒီဇိုင်းလေးကိုလည်း ကြိုက်မယ်လို့ထင်ပါတယ်။ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။
											
				
									










