ဓာတ်ပုံရိုက်တဲ့အခါမှာ စမတ်ကျပြီးလှနေစေမယ့် ပို့စ်ပေးနည်းအိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံအမြဲရိုက်ပြီး ပို့စ်ပေးနေကျသူတွေဆိုရင်တော့ ပို့စ်သေချာပေးတတ်ပေမယ့် သိပ်ပြီးပို့စ်မပေးတတ်တဲ့သူတွေဆိုရင်တော့ ဒီပို့စ်လေးတွေကြည့်ပြီး try ကြည့်နော်။

ဓာတ်ပုံရိုက်တဲ့အခါ အပေါ်ထပ်အင်္ကျီကို သူများကိုကိုင်ထားခိုင်းစရာ မလိုအောင် လက်မှာတင်ပြီး ဒီလိုလေးပို့စ်ပေးကြည့်နော်။ စမတ်ကျပြီးလှပါတယ်။

နောက်ထပ်စမတ်ကျပြီးလှတဲ့ ပို့စ်ပေးနည်းလေးဖြစ်ပါတယ်။

အလှပြင်နေတဲ့ပုံလေးကို ဒီလိုစမတ်ကျကျလေး ရိုက်လို့လည်း ရပါသေးတယ်။ စမတ်လည်းကျသလို လှလည်းလှပါတယ်။

ဖက်ရှင်ကျကျ၊ စမတ်ကျကျနဲ့ လှနေစေမယ့် ပို့စ်ပေးနည်းလေးပါ။

စမတ်ကျကျဖက်ရှင်လေးတွေ ဝတ်ထားပြီး ဒီလိုလေးရိုက်တာလည်း အရမ်းလှပါတယ်။

Laptop ကို ဒီလိုလေးကိုင်ပြီးရိုက်ရင်လည်း စမတ်ကျပြီးလှလည်းလှသလို မိုက်လည်းမိုက်တယ်နော်။

ထိုင်ခုံမှာ ဒီလိုလေးထိုင်ရိုက်တာက ခြေထောက်အလှလည်း ပေါ်လွင်စေသလို စမတ်ကျပြီးလည်း အရမ်းလှပါတယ်။

အနီးကပ်ပုံလေးတွေရိုက်ရင် ဒီလိုလေးလည်း ပို့စ်ပေးကြည့်ပါ။ စမတ်ကျပြီးလှပါတယ်။

ပို့စ်သိပ်မပေးတတ်လည်း မပူပါနဲ့။ ဒီလိုလေး လက်ပိုက်ပြီးသာ ထိုင်နေလိုက်ပါ။

ထိုင်ခုံမှာ ထိုင်ရိုက်တဲ့အခါ ဒီပို့စ်လေးက အရမ်းလှပြီး စမတ်ကျပါတယ်။ လက်အနေအထားက အသက်ပါပဲ။

Photo source:www.pinterest.com