လက်သည်းပုံဖော်ရင် အဖြူရောင်ဆိုးတာက သန့်ပြီးအရမ်းလှပါတယ်။ ဒါကြောင့် အဖြူရောင်ကြိုက်တဲ့သူတွေအတွက် လှပပြီးချစ်ဖို့လည်းကောင်းတဲ့ အဖြူရောင် လက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ လက်သည်းပုံဖော်ချင်တဲ့အခါမှာ ဒီပုံလေးတွေပြပြီး ပုံဖော်လိုက်ရုံပဲဆိုတော့ ခေါင်းခြောက်ခံပြီး စဉ်းစားနေစရာလည်း မလိုတော့ဘူးပေါ့။

လက်သည်းအဖြူနဲ့ အကြည်ကိုရောဆိုးရင် ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ကြည့်လိုက်တာနဲ့ သန့်ပြီးလှနေတဲ့ပုံစံမျိုးလေးပါ။

ဒီအဖြူရောင် လက်သည်းဒီဇိုင်းလေးဆိုရင် ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။ လက်ချောင်းတိုင်းကို အဖြူရောင်ဆိုးထားတာမဟုတ်လို့ ကြည့်ရတာလည်း အမြင်ရိုးနေတာမျိုး မဖြစ်စေပါဘူး။

ဒီလက်သည်းဒီဇိုင်းလေးကတော့ လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ လိပ်ပြာလေးတွေကပ်ထားပြီး လက်သန်းကြွယ်ကို ပုံဖော်ထားတဲ့ဒီဇိုင်းလေးကြောင့် ပိုပြီး ချစ်ဖို့ကောင်းသွားတာပါ။

ကျောက်ကပ်ရတာကြိုက်တဲ့သူတွေဆိုရင် အဖြူလေးဆိုးပြီး ဒီလိုပုံဖော်ကြည့်ပါ။ အဖြူရောင်နဲ့ ကျောက်ကပ်တာနဲ့က အရမ်းလှပါတယ်။

လက်သည်းနီအဖြူဆိုးပြီး ဒီလိုလေးပုံဖော်တာလည်း အရမ်းလှပါတယ်။ ဒီလက်သည်းဒီဇိုင်းကျတော့ လက်သည်းအချွန်ထားတဲ့သူတွေနဲ့ သိပ်မလိုက်ပါဘူး။ လက်သည်းလေးထောင့်လေးတွေ၊ အဝိုင်းလေးတွေနဲ့မှ ပိုလိုက်ဖက်တာပါ။

လုံးဝကို Cute ဖြစ်နေတာမျိုးကြိုက်တဲ့သူတွေအတွက်တော့ ဒီလက်သည်းဒီဇိုင်းလေးက အဖြူခံလေးမှာ ပုံဖော်ထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒီဇိုင်းလည်းဆန်းပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် အရမ်းလှပါတယ်။ ပွဲတွေအတွက်လည်း တော်တော်အဆင်ပြေပါတယ်။ ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေမှာပါ။

Fancy ဆန်ဆန်နဲ့ ကျောက်ကပ်ပြီး လှတာမျိုးကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက ဆန်းပြီး အရမ်းလှပါတယ်။ ဒါလည်း ပွဲတွေနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းလေးပါပဲ။

အဖြူကြီးပဲ သီးသန့်မဆိုးချင်ရင် ဒီလိုအရောင်နုနုလေးတွေနဲ့ စပ်ဆိုးပြီး ပုံဖော်ရင်လည်း ချစ်ဖို့ကောင်းပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးကတော့ လူငယ်ကောင်မလေးတွေနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။

နောက်ဆုံးဖြစ်တဲ့ ဒီလက်သည်းဒီဇိုင်းလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။ ကိုယ်တိုင်တောင်ပုံဖော်လို့ရတဲ့ ဒီဇိုင်းမျိုးပါ။

Photo source:www.pinterest.com