ကောင်လေးနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် Date လုပ်တဲ့အခါမှာ မိန်းကလေးဆန်ဆန်နဲ့ လှပပြီး ချစ်ဖို့လည်းကောင်းနေစေမယ့် Makeup Look ပြင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး မျက်ကွင်းညိုတဲ့နေရာနဲ့ မျက်ခွံကို Concealer လိမ်းပါမယ်။

လိမ္မော်ရောင်ဘက်နည်းနည်းသွားတဲ့ အညိုရောင် Eyeshadow ကို မျက်ခွံနဲ့ မျက်လုံးအောက်နားကို ခြယ်ပါမယ်။

Gliiter Eyeshadow ကို လက်ချောင်းလေးနဲ့ပဲယူပြီး မျက်ခွံမှာ ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း နည်းနည်းခြယ်ပါမယ်။

ပြီးရင်တော့ မျက်တောင်ကော့ပါမယ်။ မျက်တောင်လေးပိုရှည်ချင်ရင်တော့ Natural ဆန်တဲ့ မျက်တောင်တုလေးတပ်ပါမယ်။

Eyeliner ကို ပါးပါးလေးနဲ့ Wings ထွက်အောင် ဆွဲပေးပါ။

Eyeshadow အညိုရောင်နဲ့ Eyeliner ကို ပိုထင်းပြီးလှသွားအောင် Wings ဆွဲထားတဲ့နေရာမှာ နည်းနည်းခြယ်ပေးပါ။

အရမ်းမရင့်တဲ့ Eyeshadow အညိုရောင်နဲ့ မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲပြီးရင် Brow Gel နဲ့ဖြီးပါမယ်။

ဒီအဆင့်မှာတော့ Foundation လိမ်းပါမယ်။

Powder လိမ်းပါမယ်။ အများကြီးယူမလိမ်းပဲ သိပ်သိပ်ညက်ညက်လေးဖြစ်အောင် သေချာလိမ်းပေးပါ။

ပါးနီကို Peach အရောင်ပဲဖြစ်ဖြစ်၊ ပန်းရောင်ပဲဖြစ်ဖြစ် ကိုယ်အဆင်ပြေတာ ခြယ်လို့ရပါတယ်။

နှာတံဖော်ပါမယ်။ ပြီးရင် Highlighter ကို အဖြူလေးသုံးပါမယ်။

နှုတ်ခမ်းနီကို အညိုရောင်ဘက်သွားတဲ့ Lip Gloss လေးဆိုးပါမယ်။

ဒါဆိုရင်တော့ Date လုပ်တဲ့အခါမှာ လှပပြီး ချစ်ဖို့လည်းကောင်းနေစေမယ့် Makeup Look လေးကို ရရှိသွားပါပြီ။