အခုခေတ်မှာဆိုရင် မိန်းကလေးတွေလည်း Tattoo ထိုးတာလေးတွေက အရမ်းခေတ်စားလာပါတယ်။ ဒါကြောင့် Tattoo ထိုးချင်ပေမယ့် အရမ်းကြီးတာမျိုးတွေ မထိုးရဲဘူးဆိုတဲ့ မိန်းကလေးတွေအတွက် အရမ်းလှပြီးချစ်ဖို့ကောင်းတဲ့ Flower Tattoo Designs တွေကို ဖော်ပြပေးလိုက်ပါတယ်။

ရင်ဘတ်နားမှာထိုးမယ်ဆိုရင် ဒီ Tattoo Design လေးက အရမ်းလှပါတယ်။ အသားပေါ်မှာ အနီရောင်လေးနဲ့ ထိုးလားတဲ့အတွက် ပိုပြီးလှပါတယ်။

ခရမ်းရောင်ကြိုက်ရင် ဒီလိုလေးထိုးလို့ရပါတယ်။ အရောင်လေးတွေနဲ့ထိုးတာက အမြင်မရိုင်းပဲ ချစ်ဖို့တောင်ကောင်းပါသေးတယ်။ ပန်းပုံလေးတွေဆို အရောင်လေးတွေနဲ့ကမှ ပိုလှတာပါ။

ပန်းပုံကြီးပဲ သီးသန့်မထိုးချင်ဘူးဆိုရင် ဒီလို ကိုယ့်ရဲ့ရာသီခွင် Zodiac Sign လေးတွေနဲ့သာ တွဲပြီးထိုးကြည့်ပါ။ အရမ်းလှပါတယ်။

ရင်ဘတ်နားမှာထိုးဖို့အတွက် ဒီပန်းပုံလေးဆိုရင် Design ဆန်းပြီး အရမ်းလှပါတယ်။ အရောင်လေးကအစဆန်းပါတယ်။

လက်ကောက်ဝတ်နားလေးမှာ ဒီလို Flower Design လေးထိုးတာ အရမ်းချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။

Tattoo ထိုးရင် လက်မောင်းအတွင်းသားလေးမှာထိုးတာက အရမ်းလှပါတယ်။ အဲ့နားကအသားကဖြူနေတော့ ပိုပြီးပေါ်လွင်စေပါတယ်။ Flower Design လေးတွေဆိုရင်တော့ အရောင်လေးတွေနဲ့မို့ ပိုပြီးလှနေမှာပါ။

ဒီ Design လေးဆိုရင် ဝိုက်ပြီးထိုးတာက Foot Chain လေးဝတ်ထားတဲ့အတိုင်းပဲ အရမ်းလှပါတယ်။

ခြေထောက်မှာထိုးချင်ရင် ဒီလို Design လေး ထိုးကြည့်ပါ။ အရမ်းလှပါတယ်။ အနီရောင်လေးဖြစ်နေလို့ ပိုပြီးလှတာပါ။

သေးသေးလေးပဲထိုးချင်တာဆိုရင် ဒီ Design လေးက ချစ်ဖို့ကောင်းပါတယ်။ ခြေထောက်အတွင်းဘက်မှာ သေးသေးလေးဖြစ်နေလို့ အရမ်းမပေါ်ချင်တဲ့သူတွေအတွက်တော့ အဆင်ပြေပါတယ်။

ခြေထောက်မှာထိုးပြီး ထိုးထားတာလည်း ထင်းနေစေချင်ရင် ဒီလိုနေရာမျိုးမှာထိုးပါ။ ဒီ Flower Design လေးကတော့ အထာကျပြီး အရမ်းလှပါတယ်။

Photo source:www.pinterest.com