မိန်းကလေးတွေအတွက် အရမ်းလှပြီးချစ်ဖို့ကောင်းတဲ့ color tattoo ဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ အခုခေတ်မှာ မိန်းကလေးတွေလည်း tattoo လေးတွေ ထိုးလာကြတာဖြစ်လို့ ကြည့်ရတာ အမြင်မရိုင်းပဲ ချစ်ဖို့ကောင်းနေစမယ့်၊ လှလည်းလှနေစေမယ့် tattoo အသေးစားလေးတွေ ဖြစ်ပါတယ်။

ဒီ tattoo ဒီဇိုင်းလေးဆိုရင် ကိုယ့်ရဲ့ zoadic sign လေးကို color နဲ့ထိုးထားတာဖြစ်လို့ အရမ်းလှပြီး ချစ်ဖို့ကောင်းပါတယ်။ ကိုယ့် zoadic sign ထိုးမယ်ဆိုရင် အမဲရောင်ပဲထိုးတာထက် ဒီလို color လေးနဲ့ထိုးတာက လူငယ်ဆန်ပြီး ပိုချစ်ဖို့ကောင်းပါတယ်။

လက်ကောက်ဝတ်လေးမှာထိုးထားတဲ့ ဒီ tattoo ဒီဇိုင်းလေးဆိုရင် handchain လေးဝတ်ထားတဲ့အတိုင်းပဲ အရမ်းချစ်ဖို့ကောင်းပါတယ်။ လုံးဝကိုအမြင်မရိုင်းတဲ့ ပုံစံလေးပါ။

HAPPY ဆိုတဲ့ စာသားလေးကို အရောင်စုံလေးနဲ့ထိုးထားတာ အရမ်း cute ဖြစ်ပါတယ်။ လူငယ်ကောင်မလေးတွေအနေနဲ့ ကိုယ်ထိုးချင်တဲ့စာသားကို color tattoo လေးထိုးတာက ပိုပြီးချစ်ဖို့ကောင်းပါတယ်။

ဒီ tattoo ဒီဇိုင်းလေးဆိုရင် အသည်းပုံလေးတွေကို color လေးတွေနဲ့ထိုးထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်။ Cute type တွေကြိုက်ရင် ဒါမျိုးလေးတွေ ထိုးကြည့်သင့်ပါတယ်။

မိန်းကလေးတွေ နားအနောက်မှာထိုးရင် အရမ်းလှပြီး ဆွဲဆောင်မှုရှိပါတယ်။ Color tattoo လေးတွေထိုးရင်တော့ ပိုလှမှာပါ။ ဒီမှာဆိုရင် ပန်းပုံလေးကိုထိုးထားတာ အရမ်းလှပါတယ်။

ပန်းပုံလေးတွေကြိုက်ရင် နေကြာပန်းလေးထိုးကြည့်ပါ။ Color လေးနဲ့မို့ အရမ်းလှပြီး cute ဖြစ်ပါတယ်။

ပန်းနဲ့လိပ်ပြာပုံလေးကို color နဲ့ထိုးထားတာ အရမ်းလှပြီး ဒီဇိုင်းဆန်းသလို ချစ်ဖို့လည်းကောင်းပါတယ်။ ဒီဇိုင်းဆန်းတာမျိုးလေးကြိုက်ရင် ဒီလိုလေးတွေထိုးကြည့်ပါ။

ဒီ tattoo ဒီဇိုင်းလေးကျတော့ ထိုးထားတဲ့ပုံလေးနဲ့ ထိုးထားတဲ့နေရာက အသက်ပါပဲ။ အရမ်းဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။

Color tattoo လေးတွေက လက်မောင်းနေရာလေးတွေမှာထိုးရင် အရမ်းလှပါတယ်။ လက်မောင်းသားကဖြူတော့ ထင်းပြီး ပိုလှပါတယ်။ ဒီ tattoo ဒီဇိုင်းလေးဆို မိန်းကလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။

Photo source:www.pinterest.com