မိတ်ကပ်ပြင်ဆင်လေ့ရှိတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ လှပပြီးဆွဲဆောင်မှုရှိတဲ့ Smokey Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ သေချာပြင်ဆင်ချင်တဲ့အခါမှာလည်း ဒီ Makeup Look လေးက အဆင်ပြေသလို ပွဲတက်အတွက်၊ Dinner အတွက်ဆိုလည်း အရမ်းကိုအဆင်ပြေပါတယ်။

မိတ်ကပ်လိမ်းထားတာ ပိုသေသပ်ပြီးလှပချင်ရင် အရင်ဆုံး အမဲစက်၊ အမာရွတ်နဲ့ အသားအရောင်မညီတဲ့နေရာတွေကို Concealer နဲ့ဖုံးပေးပါ။

ပြီးမှ အောက်ခံမိတ်ကပ် Foundation လိမ်းပေးပါ။

မိတ်ကပ်သားသိပ်သိပ်လေးဖြစ်သွားအောင် Setting Powder လိမ်းပါမယ်။

နှာတံဖော်ဖို့ အသားရောင် (သို့) အညိုဖျော့ Eyeshadow နဲ့ပဲဖြစ်ဖြစ် Contour Palette နဲ့ပဲဖြစ်ဖြစ် Shading လုပ်ပေးပါ။ မေးရိုးလည်းနည်းနည်းချပါမယ်။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲတဲ့အခါ ကိုယ့်ဆံပင်အရောင်နဲ့ လိုက်ဖက်တဲ့ အရောင်ကို သုံးပေးပါ။

ခဲအဖြူ (သို့) အရောင်ဖျော့တဲ့ Eyeshadow အရောင်ကို မျက်ခွံမှာ အရင်ခြယ်ပေးပါ။

အရောင်ဖျော့ Glitter Eyeshadow ကို မျက်ခွံမှာ ထပ်ခြယ်ပေးပါ။

မီးခိုရောင်လို အရောင်အရင့် Eyeshadow ကို မျက်ခွံအပြည့်မခြယ်လိုက်ပဲ မျက်ရစ်လိုင်းနေရာလေးမှာ အရင်ခြယ်ပေးပါ။ ပြီးမှ အပေါ်ကို နည်းနည်း Blend လုပ်ပေးပါ။

မီးခိုရောင်လို အရောင်အရင့် Eyeshadow နဲ့ပဲ မျက်လုံးအောက်နားကိုလည်း နည်းနည်းခြယ်ပါမယ်။ ဒါမှ မျက်လုံးက ပိုထင်းပြီး လှသွားမှာပါ။

Eyeliner ကို သေချာဆွဲလို့ကောင်းအောင် Gel Eyeliner သုံးပေးပါ။ မျက်လုံးအတွင်းနားကပ်ဆွဲပေးပါ။ ထောင့်နားလေးကို Wing ထွက်အောင်ဆွဲပေးပါ။

မျက်လုံးဝိုင်းပြီးပိုနက်သွားအောင် မျက်လုံးအောက်နားကိုလည်း Eyeliner နည်းနည်းခြယ်ပါမယ်။

ဒီ Makeup Look က မျက်တောင်တုတပ်ရင် အရမ်းလှတဲ့အတွက် မျက်တောင်တုတပ်ရတာကြိုက်ရင် တပ်ကြည့်နော်။ မျက်တောင်တုတပ်ရတာ မကြိုက်တဲ့သူဆိုရင်တော့ Mascara ကို နှစ်ထပ်လောက်သုံးပြီး မျက်တောင်ကော့ပေးပါ။ ဒါဆိုရင် ထူထူလေးပိုဖြစ်စေပါတယ်။

ငွေရောင် Glitter Eyeshadow ကို မျက်လုံးအောက်နားမှာ နည်းနည်းခြယ်ပါမယ်။

အဖြူရောင် Glitter Eyeshadow ကို မျက်လုံးအရှေ့ထောင့်လေးမှာ ခြယ်ပါမယ်။

ပါးနီကို အသားရောင်လေးသုံးထားပါမယ်။ နည်းနည်းအရောင်တင်ချင်ရင် Peach အရောင်ကို ပါးပါးလေးပဲသုံးပေးပါ။

Makeup Look နဲ့လိုက်အောင် နှုတ်ခမ်းနီကို အညိုရောင်ဆိုးပါမယ်။ Lip Gloss လေးတင်ပေးရင် စိုစိုလေးနဲ့ ပိုလှပါတယ်။

နောက်ဆုံးမှာတော့ မျက်နှာလေးပိုလင်းပြီး Glow သွားအောင် Highlighter ကို နှာတံ၊ မေးစိ၊ နဖူးအလယ်နားလေးနဲ့ ပါးရိုးနှစ်ဖက်မှာ ခြယ်ပေးပါ။

ဒါဆိုရင်တော့ လှပပြီးဆွဲဆောင်မှုရှိတဲ့ Smokey Makeup Look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။