Makeup ပြင်မယ့် ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ လှပပြီးဆွဲဆောင်မှုရှိတဲ့ Flirty Korean Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ Korean Makeup Look လေးတွေ ကြိုက်တယ်ဆိုရင်တော့ ဒီ Makeup Look လေးကို Try ကြည့်နော်။

အရင်ဆုံး Skincare Step တွေလိမ်းပါမယ်။ ပြီးမှ Foundation လိမ်းပါမယ်။

ပြီးရင် Powder ပုတ်လိမ်းပေးပါ။

နောက်ထပ်အရေးကြီးတဲ့ Step ဖြစ်တဲ့ မျက်ခုံးမွှေးဆွဲပါမယ်။

Eyeshadow ကို လိမ္မော်ညိုရောင်လေး ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုပါ ခြယ်ပါမယ်။

Eyeshadow အညိုရောင်အရင့်ကို မျက်ခွံအရစ်နေရာလေးပဲ ခြယ်ပေးပါ။ မျက်လုံးအောက်နားထောင့်လေးကို ခြယ်ပေးပါ။ ပြီးရင် အရှေ့ဘက်ကို နည်းနည်း Blend လုပ်လိုက်ပါ။

Eyeliner ကို Wings လေးထွက်အောင် သေချာသပ်သပ်ရပ်ရပ်လေး ဆွဲပေးပါ။ Eyeliner ကို အထူကြီးမဆွဲပါနဲ့။

မျက်လုံးအောက်နားကိုလည်း ပုံမှာဆွဲပြထားသလို Eyeliner Shade လေးဆွဲပေးပါ။ ပြီးမှ မျက်လုံးအရှေ့နားကို Pencil Eyeliner လေးနဲ့ နည်းနည်းခြယ်ပေးပါ။ အလယ်နားလေးကို နည်းနည်းချန်ထားပါ။

မျက်လုံးထောင့်စွန်းက အပေါ်အောက် Eyeliner Wings လေးတွေရဲ့ လွတ်နေတဲ့ကြားနေရာကို Glitter Eyeshadow လေးခြယ်ပေးပါ။

ရွှေညိုရောင်လိုမျိုး Glitter Eyeshadow ကို မျက်လုံးအောက်နားလေးမှာလည်း ခြယ်ပါမယ်။

မျက်လုံးခြယ်တာပြီးသွားပြီဖြစ်လို့ Mascara နဲ့ မျက်တောင်ကော့ပါတော့မယ်။ အပေါ်မျက်တောင်အပြင် အောက်မျက်တောင်ကိုလည်း Mascara နဲ့ကော့ပေးပါ။

နှာတံဖော်ပြီး မေးရိုးနဲ့ပါးရိုး နည်းနည်းချပါမယ်။

ပါးနီကို လိမ္မော်ဖောက်တဲ့အရောင်လေးခြယ်ပါမယ်။

နှုတ်ခမ်းနီကိုတော့ အရင်ဆုံး နှုတ်ခမ်းအတွင်းသားကို Lip Tint လေးဆိုးပါမယ်။

နောက်ထပ်အရောင်ရင့်တဲ့ နှုတ်ခမ်းနီလေးကို နှုတ်ခမ်းသားမှာ ထပ်ဆိုးလိုက်ပါမယ်။

ဒါဆိုရင်တော့ လှပပြီးဆွဲဆောင်မှုရှိတဲ့ Flirty Korean Makeup Look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။