အားလုံးပဲ မင်္ဂလာပါနော်။ တက်တူးကိုမှ သူများနဲ့မတူတဲ့ပုံစံလေးတွေ ထိုးချင်ပေမယ့် ဒီဇိုင်းစဉ်းစားမရလို့ အခက်တွေ့နေတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ခေါင်းခြောက်နေစရာမလိုတော့ပါဘူးနော်။ ဒီတစ်ခေါက်မှာ အသည်းပုံ၊ ကြယ်ပုံလို ပုံမှန်ထိုးနေကျ ရိုးရိုးရှင်းရှင်းပုံစံတွေနဲ့ကွဲထွက်ပြီး တစ်မူထူးခြားစေမယ့် ပန်းချီတက်တူးလေးတွေကို ဖော်ပြပေးချင်ပါတယ်။

bstract Art လို အပြင်မှာမရှိဘဲ စိတ်ကူးယဉ်ဆန်ဆန် ပေါင်းစပ်ဖန်တီးထားတဲ့ပုံရိပ်လေးတွေဖြစ်တာမို့ တကယ်ရှိတဲ့ အရာဝတ္ထုပုံတူတွေအတိုင်း မထိုးချင်တဲ့သူတွေအတွက် ကွက်တိပါပဲ။ ပန်းချီပုံစံတွေဖြစ်လို့ အရောင်လေးတွေနဲ့ထိုးရင် ပိုလှမှာပါ။ ဒါပေမယ့် အရောင်တက်တူးထိုးတဲ့အခါ ခဏလေးနဲ့ မပျယ်အောင် ထိုးပြီးခါစ နေရောင်နဲ့ တိုက်ရိုက်ထိတာ၊ အဝတ်အစားအကြပ်တွေဝတ်တာမျိုးတော့ ရှောင်ပေးဖို့လိုအပ်ပါတယ်။

ဆိုတော့ အောက်မှာဖော်ပြထားတဲ့ပုံတွေထဲမှာ ပျိုမေတို့အကြိုက်တွေ့မယ့်ဒီဇိုင်းတွေကောပါမလား ကြည့်လိုက်ရအောင်နော်-

Photo Source: Pinterest, preview.ph

By MyStyle Myanmar