ကောင်မလေးတွေအတွက် Beach ရောက်တဲ့အခါမှာ ရိုက်လို့ရမယ့် ပို့စ်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ရိုက်နေကျပုံစံတွေနဲ့ သိပ်မတူတဲ့ပို့စ်လေးတွေလည်း ပါတာကြောင့် ဓာတ်ပုံရိုက်ရတာ Crazy ဖြစ်တဲ့သူတွေအတွက်တော့ အသုံးဝင်မှာသေချာပါတယ်။

ဂါဝန်အရှည်လေးဝတ်ထားပြီး ပင်လယ်နဲ့အတူ ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။ အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

Beach ရောက်ရင် နောက်ကျောပုံလေးတွေ ရိုက်ဖြစ်အောင်ရိုက်ပါ။ အရမ်းလှပါတ်။ နေဝင်ချိန်မှာ ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။

ဒီပို့စ်လေးဆိုရင် ရိုက်တဲ့သူသိပ်မရှိသလောက်ပါပဲ။ Mirror Selfie ရိုက်သလိုလေး လုပ်ထားတာပါ။ အရမ်းလှပါတယ်။

နေဝင်ချိန်မှာ ဒီလိုလေးပို့စ်ပေးပြီးလည်း ရိုက်ကြည့်ပါ။ သူများနဲ့မတူပဲ ရိုက်နေကြပုံစံတွေနဲ့ ကွဲထွက်ပြီး အရမ်းလှပါတယ်။

သူငယ်ချင်းနဲ့တူတူရိုက်မယ်ဆိုရင် ဒီလိုပြေးနေတဲ့ပုံလေး ရိုက်ကြည့်ပါ။

နည်းနည်းမှောင်နေပြီဆိုရင် ပင်လယ်ကမ်းစပ်မှာ ဒီလိုပို့စ်လေးတွေနဲ့ ရိုက်ကြည့်ပါ။ တစ်မျိုးလေးဆန်းပြီး လှပါတယ်။

လုံးဝပျော်ရွှင်နေတဲ့ပုံစံလေး ရိုက်ချင်ရင်တော့ ဒီလိုလေးတွေသာ ပို့စ်ပေးရိုက်ပါ။

ပို့စ်လည်းသိပ်မပေးတတ်ဘူးဆိုရင်တော့ ဒီပုံလေးအတိုင်းသာ ရိုက်ကြည့်ပါ။

ပင်လယ်နဲ့ မျက်နှာအနီးကပ်ပုံလေးတွေ ရိုက်မယ်ဆိုရင် နေဝင်ချိန်မှာရိုက်ပါ။ နေဝင်သွားတာလေးပါအောင် ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ ရှုခင်းရောလူရော လှနေမှာပါ။

Photo source:www.pinterest.com