အခုက Beach ရာသီဖြစ်နေပြီဆိုတော့ Beach သွားတဲ့အခါမှာ ပုံလှလှလေးတွေရိုက်ဖို့ Pose Idea တွေ လိုအပ်တာပေါ့။ တချို့ကျတော့လည်း မျက်နှာမပေါ်အောင်ရိုက်ချင်ကြတာ ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ မျက်နှာမပေါ်အောင်ရိုက်ချင်တဲ့ ကောင်မလေးတွေအတွက် Beach Pose Idea တချို့ကို မျှဝေပေးလိုက်ပါတယ်။

ဦးထုပ်ဆောင်းပြီး သဲပြင်ပေါ်မှာ ဒီလိုလေးထိုင်ပြီးရိုက်ကြည့်ပါ။ မျက်နှာလည်းမပေါ်တော့ပဲ ကိုယ်ဝတ်ထားတဲ့ Fashion လေး ပေါ်လွင်ပြီး လှပါတယ်။

Beach မှာ ဒီလိုလေးထိုင်ရိုက်တာမျိုးက ရှားပါတယ်။ ဒါကြောင့် သူများနဲ့မတူချင်ရင် ဒီ Pose လေးအတိုင်း ရိုက်ကြည့်နော်။

Beach သွားရင် ရိုက်ကိုရိုက်သင့်တဲ့ Pose Idea လေးပါ။ မျက်နှာမပေါ်ချင်တဲ့ ကောင်မလေးတွေက ဒီလိုဦးထုပ်လေးသာ ဆောင်းထားလိုက်ပါ။ အရမ်းလှပြီး Insta Girl လေးပုံစံ ဖြစ်ပါတယ်။

ပင်လယ်နဲ့အတူ Insta Girl Look လေးရစေမယ့် နောက်ထပ် မျက်နှာမပေါ်မယ့် Pose ပေးနည်းလေးပါ။

Swimsuit လေးတွေ၊ Bodyfit Dress လေးတွေဝတ်ထားပြီး ရိုက်မယ်ဆိုရင် အသုံးဝင်မယ့် Pose Idea လေးပဲ ဖြစ်ပါတယ်။

ကမ်းစပ်မှာ ဒီလိုလေးထိုင်ရိုက်မယ်ဆိုလည်း မျက်နှာမပေါ်ပေမယ့် လှတယ်နော်။

ကမ်းခြေမှာ အသဲပုံလေးဆွဲပြီးရိုက်တဲ့ Pose တွေကလည်း မျက်နှာမပေါ်ချင်တဲ့သူတွေနဲ့ ကွက်တိဖြစ်မယ့် Pose Idea လေးတွေပါ။

နေဝင်ချိန်မှာ ဒီလိုလေးတွေရိုက်တာကလည်း အရမ်းလှပါတယ်။ မျက်နှာမပေါ်မှ ပိုလှတဲ့ Pose လေးတွေပါပဲ။

ဒီ Pose လေးကတော့ Perfect ဖြစ်ပြီး အရမ်းလှပါတယ်။ မျက်နှာမပေါ်ချင်တဲ့သူတွေက ဒီလိုဖုန်းကို Mirror Selfie ရိုက်သလို ကိုင်ထားပြီး မျက်နှာပေါ်ချင်တဲ့သူတွေကတော့ ဖုန်းမကိုင်ပဲ လက်လေးကို ဒီတိုင်းအောက်ချပြီး ရိုက်လိုက်ရုံပဲနော်။

Beach မှာ စားသောက်ရင်းနဲ့ ပုံလေးရိုက်မယ်ဆိုရင်တော့ ဒီ Pose Idea လေးအတိုင်းသာ ရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

ဂါဝန်အရှည်လေးတွေဝတ်ထားပြီး ပန်းစည်းလေးကိုင်ပြီး ရိုက်တဲ့ ဒီ Pose လေးဆိုလည်း အရမ်းလှပါတယ်။ မျက်နှာမပေါ်ချင်ရင် ဆံပင်နဲ့ကွယ်နေအောင် ဒီလိုလေးခေါင်းငုံ့ပြီး နေလိုက်ရုံပါပဲ။