ကမ်းခြေသွားတဲ့အခါမှာ အသုံးဝင်စေမယ့် photo pose ideas တွေကို မျှဝေပေးလိုက်ပါတယ်။ ကမ်းခြေမှာ ဓာတ်ပုံလှလှလေးလည်းရိုက်ချင်တယ်၊ pose လည်းသိပ်မလုပ်တတ်ဘူးဆိုတဲ့ သူတွေအတွက်တော့ ဒီ pose ideas လေးတွေက အသုံးဝင်စေမှာပါ။

ကမ်းစပ်မှာ ဒီလိုထိုင်ပြီးရိုက်တာမျိုးလေးတွေက သိပ်မရိုက်ကြပါဘူး။ ဒါကြောင့် ကမ်းခြေသွားမယ်ဆိုရင် သူများနဲ့မတူအောင် ဒီလိုပုံစံလေးတွေ ရိုက်ကြည့်ပါ။ အရမ်းလည်းလှပါတယ်။

ကမ်းခြေမှာထိုင်ရိုက်ရင် ဘာပစ္စည်းမှမပါပဲ ဒီတိုင်းရိုက်ကြတာများပါတယ်။ ဒီတစ်ခါသွားရင်တော့ သူများထက်ထူးအောင်လို့ ဒီလိုပစ္စည်းလေးတွေကို ဘေးချပြီး ရိုက်ကြည့်ပါ။ အရမ်းမိုက်ပါတယ်။

အများစုက ရေကူးကန်မှာ ဝိုင်သောက်တဲ့ပုံလေးတွေ၊ ရှန်ပိန်သောက်တဲ့ပုံလေးတွေ ရိုက်ကြပါတယ်။ သူများနဲ့မတူချင်ရင်တော့ ကမ်းစပ်မှာ ပင်လယ်နဲ့အတူ နေဝင်ချိန်လေး ဝိုင်ခွက်လေးနဲ့ပဲဖြစ်ဖြစ်၊ ရှန်ပိန်ခွက်လေးနဲ့ပဲဖြစ်ဖြစ် ဒီလိုလေးရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

ဝိုင်ခွက်တွေ၊ ရှန်ပိန်ခွက်တွေကိုင်ပြီးရိုက်တာက မျက်နှာမပါပဲ နောက်ကျောပဲရိုက်ရင်တောင် အရမ်းလှပါတယ်။ ပင်လယ်အလှနဲ့သာဆို ပိုပြိးတော့ perfect ဖြစ်နေမှာပါ။

ကမ်းခြေမှာ ရေထဲဆင်းတဲ့ပုံလေးတွေကိုလည်း ရိုက်ဖြစ်အောင်ရိုက်ပါ။ ရေထဲဆင်းတဲ့ပုံလေးတွေရိုက်ရင် ဒီလိုလေးတွေ pose ပေးပြီး တစ်ကိုယ်လုံးပေါ်အောင်ရိုက်တာက ပိုလှပါတယ်။

နေဝင်ချိန် sunset နဲ့ရိုက်မယ်ဆိုရင်တော့ တစ်ကိုယ်လုံးပုံမဟုတ်လည်း လှပါတယ်။ ရှုခင်းကြောင့် ဘာမှတောင်သိပ်ပြီး pose ပေးစရာမလိုပဲ လှသွားစေပါတယ်။ ဒါကြောင့် ကမ်းခြေရောက်ရင် sunset နဲ့ရိုက်ဖို့ မမေ့ပါနဲ့။

ပင်လယ်နဲ့အတူ ဒီလိုလေး pose ပေးပြီးရိုက်တာလည်း အရမ်းလှပါတယ်။ Pose သိပ်မလုပ်တတ်ရင် ဒီလိုလေးသာရိုက်ကြည့်ပါ။

ပင်လယ်ကိုဓာတ်ပုံရိုက်နေတဲ့ပုံလေးတွေကို နောက်ကျောကနေ တစ်ယောက်ယောက်ကို ရိုက်ခိုင်းပါ။ ဖုန်းထဲက ကိုယ်ရိုက်နေတဲ့ပုံလေးပါပေါ်အောင် ရိုက်နိုင်ရင် ပိုလှပါတယ်။

ကမ်းခြေသဲသောင်ပြင်မှာ ဒီလိုပုံလေးတွေရိုက်ရင်လည်း အရမ်းလှပါတယ်။ ကမ်းခြေရောက်တုန်း တန်အောင်လို့ ဓာတ်ပုံလှလှလေးတွေ၊ သူများနဲ့မတူတဲ့ပုံစံလေးတွေသာ များများရိုက်ပါ။

photo source:www.pinterest.com