မိန်းကလေးအများစုက မိတ်ကပ်လိမ်းတဲ့အခါ Sponge သုံးလေ့ရှိကြပေမယ့် ဒီအချက်တွေကိုတော့ သတိထားဖို့မေ့နေကြပါတယ်။ ဒါတွေက အဖြစ်များဆုံးဖြစ်လေ့ရှိတဲ့ အမှားတွေပါ။ သင်လည်း Sponge သုံးလေ့ရှိတယ်ဆိုရင် ဒီအချက်တွေကို သတိထားကြည့်ပါ။

ညစ်ပတ်တဲ့ Sponge ကို သုံးတာ

မိတ်ကပ်လိမ်းတဲ့အခါ နေ့တိုင်းသုံးနေတဲ့ Sponge ကို လျှော်ဖို့ ၊ အသစ်လဲဖို့ မေ့နေတတ်ကြပါတယ်။ သုံးတာကြာတဲ့ Sponge ကို သန့်ရှင်းရေးမလုပ်ဘဲ သုံးတဲ့အခါ Sponge မှာကပ်နေတဲ့ မိတ်ကပ်အကြွင်းအကျန်တွေက မျက်နှာမှာ ဝက်ခြံတွေဖြစ်လာစေနို်င်ပါတယ်။

Sponge တစ်ခုတည်းသုံးတာ

Liquid Foundation၊ Powder Bronzer ၊ Highlighter စတာတွေကိုသုံးတဲ့အခါ Sponge ကို တခုတည်းကိုဘဲ သုံးတာဟာ တကယ်တော့ မလုပ်သင့်ပါဘူး။ အကောင်းဆုံး application ကိုရရှိဖို့ မတူတဲ့ Sponge ကိုသုံးပေးဖို့ လိုပါတယ်။

ဈေးသက်သာတဲ့ Sponge သုံးတာ

စျေးပေါတဲ့ sponge တွေက အရမ်းပါးလွှာပြီး သေးတာများပါတယ်။ နောက်ပြီး သူတို့က ဖောင်ဒေးရှင်းကို အလွန်အကျွံစုပ်သွားတာမလို့ လိမ်းတဲ့အခါ အဆင်မပြေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဈေးနည်းနည်းများပေမယ့် နူးညံပြီး ပျော့ပျောင်းတဲ့ အရည်အသွေးကောင်းတဲ့ Sponge ကို ရွေးသုံးပါ။

Sponge ကိုဆွဲပြီးလိမ်းတာ

အရင်က မိတ်ကပ်လိမ်းဖို့ Makeup Brush တွေသုံးတဲ့အခါ ပွတ်ဆွဲပြီးလိမ်းကြပါတယ်။ ဒါပေမယ့် Sponge သုံးတဲ့အခါမှာတော့ ပွတ်ဆွဲပြီးလိမ်းဖို့မလိုပါဘူး ။ Sponge ကို အသာလေး ပုတ်ပုတ်ပြီးလိမ်းပေးပါ။