မျက်မှန်တပ်တဲ့ကောင်မလေးတွေက Eye Makeup Look တွေကို Color ထင်းတာတွေသုံးပြီး ပြင်တာထက် Color နုတာလေးတွေ၊ Natural ဆန်တာလေးတွေပြင်တာက ပိုလိုက်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ မျက်မှန်နဲ့ကောင်မလေးတွေအတွက် လှပတဲ့ Green Core Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး Foundation or Cushion လိမ်းပါမယ်။

ပြီးရင်တော့ Powder or Cream Pact လိမ်းပါမယ်။

နှာတံဖော်ပါမယ်။ နှာတံဖော်တဲ့အခါ အသားရောင် (သို့) အညိုရောင်အဖျော့ပဲသုံးပေးပါ။ အရမ်းထင်းနေစရာမလိုပါဘူး။

မျက်ခုံးမွှေးကို Natural ဆန်အောင် သေချာလေးဆွဲပေးပါ။ မျက်ခုံးမွှေးဆွဲပြီးရင် Brush နဲ့ဖြီးဖို့လည်း မမေ့ပါနဲ့။

မျက်လုံးစခြယ်ဖို့အတွက် အရင်ဆုံး အသားရောင် (သို့) မိတ်ကပ်ရောင် Eyeshadow ကို မျက်ခွံမှာ ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း နည်းနည်းလေးခြယ်ပေးပါ။

အစိမ်းရောင် Eyeshadow Color နုနုလေးကိုယူပြီး မျက်ခွံမှာခြယ်ပါမယ်။ မျက်ခွံအပြည့်ခြယ်စရာ မလိုပါဘူး။

မျက်လုံးအောက်နားကို အသားရောင် Glitter Eyeshadow ခြယ်ပါမယ်။ ပြီးရင် ခုနကခြယ်တဲ့ အစိမ်းရောင် Eyeshadow Color နုနုလေးကို ခြယ်ပါမယ်။

ငွေရောင် Glitter Eyeshadow ကို မျက်ခွံမှာ ပါးပါးလေးခြယ်ပါမယ်။

အသားရောင် (သို့) အညိုရောင်အဖျော့ Eyeshadow ကိုယူပြီး မျက်ခွံအနောက်နားလေးမှာ ပုံမှာခြယ်ပြထားသလို ခြယ်ပေးပါ။ မျက်လုံးအောက်နားထောင့်စွန်းကိုပါ တစ်ဆက်တည်းခြယ်ပါမယ်။

Lime Green Color Eyeshadow လေးကို မျက်ခွံအရှေ့နားလေးမှာ ထပ်ခြယ်ပါမယ်။

Eyeliner အညိုရောင်နဲ့ Wings လေးပဲထွက်အောင် ဆွဲပေးပါ။

ပြီးရင်တော့ Mascara နဲ့ မျက်တောင်ကော့ပါမယ်။ အောက်မျက်တောင်လေးတွေကိုပါ သေချာလေးကော့ပေးပါ။

မျက်ကွင်းညိုတာမျိုးမဖြစ်အောင် မျက်လုံးအောက်နားလေးတွေကို Cushion or Cream Pact လေး ထပ်လိမ်းပါမယ်။

ပါးနီကို ပန်းရောင်နုနုလေးပဲ ခြယ်မှာဖြစ်ပါတယ်။

နှုတ်ခမ်းကို Lip Liner နဲ့ သေချာပုံဖော်ပြီးတော့ Lip Gloss ကို အညိုဖောက်တဲ့အရောင်ငြိမ်တာလေး ဆိုးထားပါတယ်။

ဒါဆိုရင်တော့ မျက်မှန်နဲ့ကောင်မလေးတွေအတွက် လှပတဲ့ Green Core Makeup Look လေးကို ရရှိသွားပါပြီ။