မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းခြယ်ခြင်းဟာ အမျိုးသမီးအားလုံးနှစ်သက်သဘောကျကြတဲ့ အရာပါ။ ဒီတခါမှာတော့ ချစ်စရာကောင်းတဲ့ ကောင်မလေးတွေအတွက် အခြေခံကျတဲ့ မိတ်ကပ်လိမ်းချယ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

မိတ်ကပ်မလိမ်းခင်တိုနာလိမ်းတာ၊ Moisturizer လိမ်းတာ၊ Primer လိမ်းတာ၊ Base အောက်ခံဖောင်ဒေးရှင်းလိမ်းတာကို အရင်အတိုင်းပဲ လိမ်းနေကျအတိုင်းပဲလိမ်းလိုက်ပါ။ ပြီးရင်တော့ Loose Powder လေးကို Brush လေးနဲ့ လိမ်းပေးလိုက်ပါ။ သဘာဝကျတဲ့ အညိုရောင်မျက်ခုံးမွှေးဆွဲတံကို အသုံးပြုပါ။

မျက်လုံးလိမ်းချယ်ဖို့အတွက် ပထမဆုံး အညိုရောင်ဖျော့ဖျော့လေးကို မျက်ခွံပေါ်မှာ လိမ်းပေးလိုက်ပါ။

ပြီးရင်တော့ အရောင်နည်းနည်းတောက်တဲ့ အဖြူရောင်ကို မျက်လုံးအောက်နားလေးက အလယ်နားမှာ လိမ်းပေးလိုက်ပါ။

Eyeliner ဆွဲပေးလိုက်ပါ။ မျက်လုံးထောင့်နားနဲ့ မျက်ခမ်းအောက်က အလယ်နား မရောက်ခင်အထိ ဆွဲပေးပါ။

ပြီးရင် မျက်ခွံအောက် ထိပ်ပိုင်းကို ခပ်ပါးပါးလေး ဆွဲပေးလိုက်ပါ။

ပြီးရင်တော့ နှုတ်ခမ်းနီဆိုးပေးရပါမယ်။ အတွင်းပိုင်းက ပိုရဲပြီး အပြင်ပိုင်း အရောင်နုတာကို ရွေးသုံးပါ။

ပါးနီကို အခုပုံမှာပြထားတဲ့ နေရာမှာခြယ်ပါ။ ပန်းနုရောင်လေးသုံးပေးပါ။