မင်္ဂလာပါ… ပျိုမဒီတို့ရေ,… ရှေးခေတ် နှစ်ပေါင်း 4,000 နီးပါး သက်တမ်းရှိတဲ့ ယဉ်ကျေးမှုတွေမှာတောင် အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ အမျိုးသားတွေကို ဆွဲဆောင်နိုင်တဲ့ သဘာဝရနံ့တွေ ရှိတယ်လို့ လူတွေက ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမယ့် ခေတ်တွေပြောင်းသွားပြီး ဒီနေ့ခေတ်မှာတော့ အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ သူတို့ရဲ့ အကြိုက်နဲ့ စိတ်ခံစားချက်ပေါ်မူတည်ပြီး ရေမွှေးတွေ ဝယ်လို့ သုံးစွဲနေကြပါပြီ။

တကယ်လို့သင်ကလည်း ရေမွှေးစွတ်ရတာကြိုက်တဲ့လူဆိုရင်တော့ အခု ရေမွှေးတွေရဲ့ အမျိုးအစားတွေနဲ့ အနံ့အမျိုးမျိုးအကြောင်းရဲ့အခြေံခံအကြောင်းလေးတွေကို ပြောပြမှာမလို့ အဆုံးထိဖတ်ပေးပါအုန်းနော်…

ရေမွှေးတွေက အများအားဖြင့် ပုံစံအမျိုးမျိုးနဲ့ ဈေးကွက်ထဲကို ရောက်လာကြပါတယ်။  အနံ့ကောင်းကောင်း ပေးစွမ်းနိုင်တဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ကြည့်ကြရအောင်…

Floral

နှင်းဆီ၊ စံပယ်၊ လိမ္မော်ပွင့်၊ ဥယျာဉ်ခြံမြေများနဲ့ ကာနေးနက်ပန်းတို့လို မွှေးတဲ့ပန်းတွေကို အခြေခံပြီးထုတ်ထားတဲ့ ရေမွှေးတွေက ဈေးကွက်ထဲမှာ အများဆုံးနေရာယူထားပါတယ်။ ပန်းရနံ့ကို ရိုမန်တစ်ဆန်တဲ့ အနံ့လို့ ယူဆထားကြပါတယ်။ Floral fragrances တွေက အမျိုးသမီးဆန်ပြီး ဣတ္ထိဆန်တဲ့ရေမွှေးကို လိုချင်သူများအတွက် ဂန္ထဝင်ဆန်တဲ့ရွေးချယ်မှုတစ်ခုပါပဲ။

Citrus

Citrus အခြေပြုတဲ့ ရေမွှေးတွေက သဘာဝအနံ့ကိုကြိုက်တဲ့လူတွေအတွက် ရွေးချယ်သင့်တဲ့အနံ့ပါ။ Citrus ရနံ့တွေက သဘာဝအတိုင်း လန်းဆန်းမှုကို ပေးစွမ်းနိုင်ပြီး နေ့ဘက်မှာအသုံးပြုဖို့ သင့်တော်ပါတယ်။

Woody

သစ်သားနဲ့  ရေညှိပေါင်းစပ်မှုက Woody ရေမွှေးများရဲ့ အဓိက ဆောင်ပုဒ်ဖြစ်ပြီး အများအားဖြင့် chypre ရေမွှေးလို့လည်း ခေါ်ဆိုကြပါတယ်။ Chypre ရေမွှေးတွေကို အများအားဖြင့် အမျိုးသမီးများအတွက် ရည်ရွယ်ထုတ်လေ့ရှိပါတယ်။

Fruity

အသီးအနှံတွေကို အခြေံခံပြီးထုတ်ထားတဲ့ အနံ့တွေကလည်း ချိုမြိန်တာကြောင့် လူကြိုက်များလွန်းပါတယ်။

Green fragrances

Green fragrances တွေက လတ်ဆတ်တဲ့ သစ်ရွက်တွေနဲ့ ရိတ်ထားတဲ့ မြက်ခင်းသစ်ရနံ့တို့ကို ပေးစွမ်းနိုင်တာကြောင့် နေ့ခင်းဘက် ပေါ့ပေါ့ပါးပါး ပွဲလမ်းသဘင်များအတွက် တကယ်ကောင်းတဲ့ ရွေးချယ်မှုအဖြစ် လူသိများကြပါတယ်။

Oceanic

Oceanic fragrances တွေက တောင်လေရဲ့အနံ့နဲ့တူအောင်လို့ ဓာတုအမွှေးအကြိုင်တွေ ပေါင်းစပ်ထားတဲ့ ပေါင်းစပ်ရေမွှေးအမျိုးအစားအသစ်တစ်မျိုးပါ။ ဒီရေမွှေးအမျိုးအစားကို အလုပ်အင်တာဗျူးနဲ့ Official Events တွေအတွက် အများဆုံး ရွေးချယ်တတ်ကြပါတယ်။