မိန်းကလေးဆန်တဲ့ Makeup Look တွေနဲ့ Barbie ရုပ်လေးတွေကိုချစ်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ Barbie ရုပ်လေးလို လှပသွားစေမယ့် Barbie Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး အောက်ခံ Foundation လိမ်းပါမယ်။

Concealer နဲ့ မျက်ကွင်းညိုတဲ့နေရာ၊ နှာခေါင်းဘေးကြား၊ နှုတ်ခမ်းဘေးနားနဲ့ ဝက်ခြံအမာရွတ်ရှိတဲ့ နေရာတွေကို လိမ်းပါမယ်။

Setting Powder ကို Brush နဲ့ယူပြီး လိမ်းပါမယ်။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲတဲ့အခါမှာတော့ သေချာသပ်သပ်ရပ်ရပ်နဲ့ လှလှလေးဆွဲပေးပါ။ မျက်ခုံးမွှေးလှနေရင် ကိုယ်ပြင်ထားတဲ့ Makeup Look ကိုပိုပြီးလှသွားစေပါတယ်။

Contour Palette နဲ့ နှာတံဖော်ပါမယ်။

အဖြူရောင် Eyeshadow ကို မျက်ခွံမှာခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း ခြယ်ပါမယ်။

ပန်းရောင် Eyeshadow Color ကို မျက်ခွံမှာခြယ်ပါမယ်။

ပန်းရောင်နုနုလေးဖြစ်တဲ့ Eyeshadow Color ကိုတော့ မျက်ရစ်လိုင်းနေရာလေးမှာ ခြယ်ပါမယ်။

မျက်ရစ်လိုင်းလေးပိုထင်းသွားအောင် အညိုအဖျော့ဖြစ်တဲ့ Eyeshadow Color ကို မျက်ရစ်လိုင်းအတိုင်း နည်းနည်းထပ်ခြယ်ပါမယ်။

ပန်းရောင်အနုဖြစ်တဲ့ Glitter Eyeshadow ကို မျက်ရစ်နေရာ အလယ်နားလောက်ကနေ စပြီးခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း နည်းနည်းခြယ်ပါမယ်။

Gel Eyeliner နဲ့ Eyeliner ဆွဲပါမယ်။ မျက်လုံးအောက်နားကိုပါ ဆွဲမှာဖြစ်ပါတယ်။ ဒါမှ မျက်လုံးလေးထင်းပြီး ဝိုင်းပြီးပိုလှသွားမှာပါ။

Mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင်ကို ကော့ပါမယ်။

ပါးနီကိုလည်း Rose Gold Color or ပန်းရောင်လေးပဲ ခြယ်ပါမယ်။

နှုတ်ခမ်းနီကိုတော့ အညိုနဲ့ပန်းရောင်စပ်ထားသလို အရောင်ဖျော့တာလေး၊ ဒါမှမဟုတ် အညိုအဖျော့လေးကို ဆိုးပါမယ်။ ပြီးမှ နှုတ်ခမ်းအတွင်းသားကို ပန်းရောင်အရင့် (သို့) အနီဘက်သွားတဲ့ အရောင်လေး ဆိုးလိုက်ပါ။

နှာတံ၊ မေးစိနဲ့ ပါးရိုးနေရာလေးတွေကို Highlighter ခြယ်ပါမယ်။

ဒါဆိုရင်တော့ မိန်းကလေးဆန်ဆန်နဲ့ Barbie ရုပ်လေးလိုလှတဲ့ Barbie Makeup Look လေးကို ပြင်ပြီးသွားပါပြီ။