အထိုင်များသူတွေဟာ မဝရင်တောင် အဆီတက်ကြပါတယ်။ Belly Fat တွေဟာ နှလုံး ၊ သွေးတိုး ၊ ဆီးချိုနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်စေနိုင်တဲ့ ကင်ဆာလိုမျိုး ရောဂါတွေအထိ ဖြစ်စေနိုင်တာကြောင့် ဗိုက်ခေါက်တွေကို လျှော့တော့ မတွက်စေချင်ပါဘူး။ တကယ်တော့ ဗိုက်ခေါက်လို့ ခေါ်ကြတဲ့ အဆီတွေ စုဝေးမှုဟာ စောစောစီးစီး ကုသလို့ ရပါတယ်။ ဗိုက်အဆီစုဝေးမှုကို ပျောက်စေဖို့ အခုပြောမယ့် အချက် ၃ ချက်ကို လိုက်နာဖို့တော့ လိုမှာပါ။

(၁) လေ့ကျင့်ခန်း

Photo : Damian Parol

အရွယ်ရောက်သူတစ်ယောက်အနေနဲ့ တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ကိုယ်လက်လှုပ်ရှားမှုတော့ မဖြစ်မနေ လုပ်သင့်ပါတယ်။ ရွရွပြေးတာ ၊ လမ်းလျှောက်တာနဲ့ အေရိုးဗစ်ကစားနည်းလိုမျိုး သိပ်မပြင်းထန်လွန်းတဲ့ လှုပ်ရှားမှုတွေကတော့ လုပ်ရလွယ်ပါတယ်။ ဗိုက်အဆီချဖို့ဆိုရင် ဒိုက်ထိုးတာ ၊ စက်ဘီးစီး ၊ ခြေထောက်မြှောက်/ဘောလုံးပစ်တဲ့ Leg Crunch / Ball Crunch ‌လေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုပါတယ်။

(၂) အစားအသောက်

Photo : Storyblocks

Diet အနေနဲ့ လိမ္မော်သီး ဖျော်ရည် ၊ ဂျုံပေါင်မုန့် ၊ Oat Meal တို့ကို စားပေးရမှာပါ။ သကြားကတော့ ဗိုက်အဆီချသူတွေ မဖြစ်မနေရှောင်ရမယ့် ရန်သူစာရင်းမှာသာ ထည့်ထားလိုက်ပါ။ ကျန်တာကတော့ အသီးအနှံနဲ့ အမျှင်ဓါတ်များတဲ့ သဘာဝအစားအသောက်တွေ စားပေးနိုင်ပါတယ်။

(၃) အိပ်စက်မှု

Photo : Today’s Parent

အိပ်ရေးဝခြင်းနဲ့ အလွန်အကျွံအိပ်စက်ခြင်းတွေဟာ ဗိုက်အဆီပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်မှုပုံစံကတော့ တစ်ညကို ၆ နာရီနဲ့ ၇ နာရီအကြားပဲ အိပ်သင့်ပါတယ်။ အစားအသောက် စားပြီးခါစမှာ အိပ်ရာတန်းမဝင်ဖို့လည်း လိုပါတယ်။ အကောင်းဆုံးက အိပ်ချိန်နဲ့ အစားအသောက် စားမယ့်အချိန်ကို အနည်းဆုံး ၁ နာရီ ၊ ၁ နာရီခွဲလောက် ခွာထားဖို့ သင့်ပါတယ်။