ငှက်ပျောသီးရဲ့ မျက်နှာအသားအရေအတွက် ကောင်းကျိုးတွေကတော့ အသားအရေကို စိုပြေစေတာ၊ အသားပို ဖြူလာစေတာ၊ အသားအရေ ပျက်စီးခြင်းမှ ကာကွယ်ပေးတာ စသဖြင့် ဖြစ်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးက သဘာဝ ပစ္စည်းဖြစ်တာမို့ မျက်နှာမှာ ဘေးကင်းစွာ အသုံးပြုနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နုဖတ်ပြီး နို့နှစ်ရောင် အသားအရေ ဖြစ်လာစေဖို့ ငှက်ပျောသီးနဲ့ လွယ်ကူစွာ ပေါင်းတင်နိုင်မယ့် နည်းလမ်းကို ဖော်ပြပါရစေ။

ငှက်ပျောသီးနဲ့ ပေါင်းတင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့-

Photo source: Tarla Dalal

ငှက်ပျောသီး တစ်ဝက်ကို ယူကာ လှီးပြီး ခွက်တစ်ခွက်ထဲမှာ အနှစ်ရအောင် ဖိချေပေးရပါမယ်။

ကုလားပဲမှုန့် (Gram Flour)

Photo source: DIZNR INTERNATIONAL

ကုလားပဲမှုန့်က အသားအရေ နုဖတ် ချောမွေ့ဖို့ ကူညီပေးပါလိမ့်မယ်။ ကုလားပဲမှုန့်က ဝက်ခြံသက်သာစေတဲ့ သဘာဝ အမှုန့်ဖြစ်ပြီး ကုလားပဲမှုန့်ကို အိန္ဒိယ အမျိုးသမီးတွေ ဟိုးအရင်တည်းက အလှအပအတွက် သုံးခဲဲ့ကြပါတယ်။ ကုလားပဲမှုန့်ကို တစ်ခါ လုပ်စာ တစ်ဇွန်းကို ငှက်ပျောသီးထဲ ရောပေးရပါမယ်။

သံပယိုရည်

Photo Source: Good Housekeeping

သံပယိုရည်ကတော့ အသားအရေ ကြည်လင်စေဖို့ ကူညီပေးပါတယ်။ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေနဲ့ သံပယိုရည်က သင့်တော်ပါတယ်။ သံပယိုသီး တစ်ဝက် ခြမ်းကာ အရည်ညှစ်ပြီး ငှက်ပျောသီးနဲ့ ကုလားပဲမှုန့် အရောထဲ ရောမွှေပေးရပါမယ်။

ဒီပစ္စည်း သုံးမျိုးကို အနှစ်ဖြစ်တဲ့ အထိ ရောမွှေပေးရပါမယ်။ ပြီးနောက် မျက်နှာပေါ် သုတ်လိမ်းကာ ၁၅ မိနစ်ထားပေးရပါမယ်။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ ဆေးချပေးရပါမယ်။

ဒီအသားအရေ ထိန်းသိမ်းနည်းကို တစ်ပတ်မှာ ၂ ကြိမ်ကနေ ၃ ကြိမ် အသုံးပြုပေးနိုင်ပါတယ်။

By MyStyle Myanmar