မွဲခြောက်နေတဲ့ ဆံကေသာအတွက် အိမ်မှာလုပ်လို့ရတဲ့ Banana Hair Mask ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။ခြောက်သွေ့ပြီး မွဲခြောက်နေတဲ့ ဆံကေသာကို အိမ်တွင်းကုထုံးလေး စမ်းကြည့်ချင်တယ်ဆိုရင်တော့ အသေးစိတ်ကို ဆက်ဖတ်ကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီးမှည့် တစ်လုံး
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဗာဒံဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် ၁ ဇွန်း
  • နို့ ၂ ဇွန်း
  • ကြက်ဥ ၁ လုံး

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းကန်တစ်လုံးထဲမှာ ငှက်ပျောသီးမှည့်တစ်လုံးကို အတုံးသေးသေးလေးတွေ လှီးပြီး ခက်ရင်းနဲ့ ငှက်ပျောသီးကို ချေပေးပါ။

ချေထားတဲ့ဌက်ပျောသီးထဲ ပါဝင်ပစ္စည်းများကို ထည့်ပြီး သမအောင်မွှေပေးပါ။

အားလုံးသမအောင်မွှေပြီးရင် ဆံပင်ကို သေချာဖြီးပြီး အရင်းကနေအဖျားအထိ ဦးရေပြားနဲ့ ဆံကေသာအနှံ့ လိမ်းပေးပါ။ လိမ်းပြီးရင် Shower Cap ဒါမှမဟုတ် ခေါင်းကို ပဝါဟောင်းနဲ့ အုပ်ထားပါ။

ဆံပင်ပေါ်မှာ ဆယ့်ငါးမိနစ်ကနေ သုံးဆယ်မိနစ်အထိထားပြီး ဆံပင်ကို ရေနွေးနွေးနဲ့ သေချာဆေးပေးပါ။ လျှော်တဲ့အခါ ဆပ်ပြာမပါတဲ့ အပျော့စားခေါင်းလျှော်ရည်ကို သုံးပေးပါ။

နောက်ဆုံးမှာတော့ ဆံပင်ကို သဘာဝအတိုင်းအခြောက်ခံပေးပါ။ ဒီ Mask ကို တစ်ပတ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လုပ်ပေးပါ။