ရှားစောင်းလက်ပတ်ကို အလှအပရေးရာအတွက် တော်တော်လေးသုံးကြပါတယ်။ အဲ့လိုသုံးတဲ့ထဲမှာမှ ရှားစောင်းလက်ပတ်နဲ့ ငှက်ပျောသီးကိုသုံးပြီး မျက်နှာပေါင်းတင်ပေပးမယ်ဆိုရင် ရရှိလာမယ့်ကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်။ အထူးသဖြင့် ရှားစောင်းလက်ပတ်နဲ့ ငှက်ပျောသီးကိုသုံးပြီး မျက်နှာပေါင်းတင်ပေးတာက ဆောင်းရာသီအတွက် အရမ်းကောင်းပါတယ်။

အသားခြောက်တဲ့သူတွေနဲ့ ပုံမှန်အသားအရေပိုင်ရှင်တွေကတော့ ဆောင်းရာသီမှမဟုတ်ပါဘူး။ ဘယ်လိုရာသီဥတုမျိုးမှာပဲဖြစ်ဖြစ် လုပ်ပေးရင် ပိုကောင်းပါတယ်။

ရှားစောင်းလက်ပတ်နဲ့ ငှက်ပျောသီးကိုသုံးပြီး မျက်နှာပေါင်းတင်ပေးရင် ရရှိလာမယ့်ကောင်းကျိုးကတော့ အသားအရေနူးည့ံပြီး အစိုဓာတ်ပြည့်ဝတဲ့ Skin လေးရလာမယ်။ အသားအရေက ရေဓာတ်ပြည့်လာမယ်။ အသားပတ်တာတွေ၊ အသားခြောက်တာတွေ သက်သာလာပြီး အသားအရေက စိုစိုအိအိလေး ဖြစ်လာပါမယ်။

ဒါကြောင့် ဆောင်းရာသီမှာ ပေါင်းတင်ပေးသင့်တာပါ။ အသားခြောက်တဲ့သူတွေဆိုရင်တော့ အမြဲတမ်း ပေါင်းတင်ပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်နဲ့ ငှက်ပျောသီးကိုသုံးပြီး မျက်နှာပေါင်းတင်ဖို့ လုပ်ရမယ့်နည်းလမ်းကတော့ ရှားစောင်းလက်ပတ်အပင်ရဲ့အထဲက ဂျယ်လ် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ငှက်ပျောသီးအမှည့်ကို အဝိုင်းလေးတွေလှီးပြီး ၄ စိတ်လောက်ယူကာ ရောနယ်ပေးရပါမယ်။ သေချာချေပြီး နယ်ပေးပါ။

ရလာတာကိုမှ မျက်နှာတစ်ပြင်လုံးလိမ်းပြီး ၁၀ မိနစ်ထားပါ။ အချိန်ပြည့်ရင်တော့ ရေကြက်သီးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်တော့ တစ်ပတ်ကို ၁ ကြိမ် (သို့) ၂ ကြိမ် လုပ်ပေးနိုင်ပါတယ်။

Source: www.stylecraze.com