သင့်အိမ်မှာ မုန့်ဖုတ်ဆိုဒါရှိတယ်ဆိုရင်တော့ ဒါကို အစားအသောက်အတွက်သာမက အလှအပအတွက်ပါ အသုံးပြုနိုင်ပါသေးတယ်။ သင်က မုန့်ဖုတ်ဆိုဒါကို အလှအပအတွက် ဘယ်လိုသုံးနိုင်မလဲ သိချင်တယ်ဆိုရင်တော့ ဆက်ကြည့်လိုက်ပါနော်-

၁။ DIY Exfoliator

Photo Source: Stylecraze

ဆဲလ်သေတွေကို ဖယ်ရှားဖို့ မုန့်ဖုတ်ဆိုဒါ သုံးပုံနဲ့ ရေတစ်ပုံ ထည့်ပေးရပါမယ်။ ပြီးနောက် မျက်နှာကို စက်ဝိုင်းပုံစံ ညင်ညင်သာသာ ပွတ်ပေးရပါမယ်။ ပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးချနိုင်ပါတယ်။

၂။ လက်သည်းအတွက်

Photo Source: Pinterest

လက်သည်းကို ကြည်ကြည်လေး ဖြစ်သွားဖို့ အတွက် မုန့်ဖုတ်ဆိုဒါကို သုံးနိုင်ပါသေးတယ်။ သွားတိုက်ဆေးနဲ့ မုန့်ဖုတ်ဆိုဒါကို ရောပြီး လက်သည်းပေါ် ပွတ်ပေးရပါမယ်။

၃။ အမွှေးရိတ်ပြီးနောက်

Photo Source: Pinterest

အမွှေးရိတ်ပြီးနောက် လောင်သွားတာတွေ သက်သာဖို့ မုန့်ဖုတ်ဆိုဒါကို သုံးနိုင်ပါတယ်။ ရေနွေးနွေးလေးထဲ မုန့်ဖုတ်ဆိုဒါရောပြီး ပွတ်ပေးနိုင်ပါတယ်။

၄။ Hair Product တွေကိုဖယ်ရှားဖို့

Photo Source: PureWow

Hair Product တွေထဲပါဝင်တဲ့ ဓာတုပစ္စည်းတွေကို ဖယ်ရှားဖို့ ရှန်ပူထဲ မုန့်ဖုတ်ဆိုဒါ အနည်းငယ်ထည့်ပြီး ခေါင်းလျှော်ပေးနိုင်ပါတယ်။

၅။ အလှပြင်ပစ္စည်းတွေကို သန့်ရှင်းဖို့

ခေါင်းဖြီး၊ ဘရပ်ရှ်စတာတွေကို သန့်ရှင်းဖို့ရာ မုန့်ဖုတ်ဆိုဒါနဲ့ ရေနွေးကိုသုံးနိုင်ပါတယ်။ ဒီအရည်ထဲ နှစ်ထားပြီး ဆေးပေးရပါမယ်။ ပြီးနောက် အခြောက်ခံပေးရပါမယ်။

၆။ ချွေးနံ့ပျောက်ဖို့

မုန့်ဖုတ်ဆိုဒါကို ချွေးနံ့ထွက်တဲ့ ချိုင်းအောက် လိမ်းပေးတာကလည်း ချွေးနံ့ သက်သာစေပါတယ်။

၇။ သွားဖြူဖို့

Photo Source: Kor-Whitening

မုန့်ဖုတ်ဆိုဒါကို သွားတိုက်ဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ သွားဖြူစေတဲ့ ပစ္စည်းတွေထဲ မုန့်ဖုတ်ဆိုဒါလည်း ပါဝင်တာကြောင့်ပါ။ ဒါပေမဲ့ မုန့်ဖုတ်ဆိုဒါ တစ်မျိုးတည်းကို သွားတိုက်ဆေးအနေနဲ့ မသုံးခင် သွားဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၈။ အဆီထွက်တဲ့ ဆံကေသာအတွက်

Photo Source: Pinterest

သင့်အိမ်မှာ Dry Shampoo မရှိဘူးဆိုရင် မုန့်ဖုတ်ဆိုဒါကို အစားထိုးသုံးနိုင်ပါတယ်။ ခေါင်းပေါ် မုန့်ဖုတ်ဆိုဒါ ဖြူးပြီးနောက် ဘီးနဲ့ ပြန်ဖြီးချပေးရ ပါမယ်။ ဒါမှမဟုတ် နေရာပျံ့နှံ့သွားဖို့ လက်နဲ့ ဖြန့်ပေးနိုင်ပါတယ်။

By MyStyle Myanmar