ထိုင်းမင်းသမီးလေး Baifern ကိုတော့ လူတိုင်းနီးပါး သိထာမို့လို့ အထူးတလည် မိတ်ဆက်ပေးစရာ လိုမယ်တောင် မထင်ပါဘူး။ ပရိတ်သတ်တွေ သူမကို ပထမဆုံး စသိစေခဲ့တဲ့ ဇာတ်လမ်းကတော့- “A Little Thing Called Love/ First Love” ဆိုတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Baifern က အသက် ၃၀ အရွယ် ရောက်လာတဲ့အထိ လှနေဆဲ မင်းသမီး တစ်လတ်ဖြစ်ပါတယ်။ တစ်နေ့ထက် တစ်နေ့ ပိုလှလာတဲ့ Baifern ရဲ့ မိတ်ကပ် Look တွေက အမြဲ ဆန်းသစ်လာလေ့ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ နို့နှစ်ရောင် အသားအရေလေးနဲ့ ထိုင်းမင်းသမီး Baifern လိမ်းခဲ့ဖူးတဲ့ အလှဆုံး မိတ်ကပ် Look တွေကို ဖော်ပြပါရစေ။

2019 ခုနှစ်မှာ လိမ်းခဲ့တဲ့ Baifern ရဲ့ မိတ်ကပ်စတိုင် ဖြစ်ပါတယ်။ သူမ ဝတ်တဲ့ ကလစ် အရောင်နဲ့ ပါးနီအရောင်က ကွက်တိဖြစ်နေကာ သူမကို ပိုလှနေစေပါတယ်။

မျက်ခုံး စင်းစင်း၊ မျက်တောင့်ကော့ကော့၊ မျက်လုံး အညိုလေးနဲ့ နှုတ်ခမ်းဖူးဖူးလေး ရှိရုံနဲ့ မိတ်ကပ်ပါးပါးလေးကတောင် Baifern နဲ့ လိုက်ဖက်နေပါတယ်။

ပန်းလိမ္မော်ဘက်သွားတဲ့ ပါးနီအရောင်နဲ့လည်း Baifern က လိုက်ဖက်ပါတယ်။ သူမရဲ့ ဆံပင်အရောင်က မြန်မာ မိန်းကလေးတွေ အဆိုးများတဲ့ အရောင် ဖြစ်တာကြောင့် သင့်အနေနဲ့ ဒီ Makeup Look ကို Try ကြည့်သင့်ပါတယ်။

အင်္ကျီအပြာရောင်နဲ့ လိုက်ဖက်တဲ့ မိတ်ကပ် Look နဲ့အတူ သူမက ရေသူမလေးအလား လှနေပါတယ်။

သိပ်မပြင်ထားဘဲနဲ့ကို ရိုးရိုးရှင်းရှင်း Makeup ပုံစံလေးနဲ့ Baifern ရဲ့ အလှက မိန်းကလေးတိုင်း အားကျရလောက်ပါတယ်။

နှုတ်ခမ်း ပန်းရောင်လေးနဲ့ အတူ မျက်ကပ်မှန်တပ်ထားကာ ဒီထဲမှာတော့ Baifern က ကိုးရီးယား မင်းသမီးလေးလိုပါပဲ။

Pink Makeup Look လေးနဲ့ လိုက်ဖက်နေတဲ့ မင်းသမီးလေး Baifern ကို တွေ့ရမှာပါ။

Baifern က Fierce Makeup Look Style နဲ့လည်း လိုက်ဖက်ပါတယ်။

အင်္ကျီအဖြူရောင်နဲ့အတူ သူကိုယ်တိုင်ပါ ပုလဲလုံးနဲ့ တူသွားတဲ့ Baifern ရဲ့ မိတ်ကပ် Look က လှတာထက် ပိုပါတယ်။

Baifern က လိမ္မော်ရောင် သန်းတဲ့ ပါးနီစတိုင်နဲ့လည်း လိုက်ဖက်နေပါတယ်။

သဘာဝကျပြီး အပိုအလို မရှိတဲ့ မိတ်ကပ်စတိုင်နဲ့ Baifern က လှနေဆဲပါပဲ။

Baifern က ဒီမိတ်ကပ်စတိုင်လေးနဲ့ နိုင်ငံခြားက ဘိုမရုပ်လေးနဲ့တောင် တူသွားပါတယ်။

သင်က Baifern ရဲ့ ဘယ်မိတ်ကပ် Look ကို သဘောအကျဆုံးလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar