Suzy ကိုတော့ ကိုးရီးယား ရုပ်ရှင်ကြိုက် ပရိတ်သတ်တွေအားလုံး သိပြီး ဖြစ်မှာပါ။ Unique ဖြစ်တဲ့ အလှနဲ့အတူ ပီပြင်တဲ့ သူမရဲ့ သရုပ်ဆောင်နိုင်မှု အပြင် အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေ ဆိုတတ်တဲ့ သူမက ပျိုမေ အများစု အားကျရသူလည်း ဖြစ်ပါတယ်။

Bae Suzy က များသောအားဖြင့် မိတ်ကပ် အထူကြီးတွေ လိမ်းလေ့မရှိဘဲ သဘာဝဆန်ဆန် Makeup Look တွေကို လိမ်းလေ့ရှိပါတယ်။ မိတ်ကပ် လိမ်းလွန်းရင် ကြည့်မကောင်းတော့တဲ့ ပျိုမေတွေ ရှိမှာပါ။ Suzy ကိုယ်တိုင်ကလည်း ဒီလို ကောင်မလေးတွေထဲ ပါပုံရပါတယ်။ ဒီတစ်ခေါက်မှာတော့ Suzy လိမ်းလေ့ရှိတဲ့၊ Suzy ကို မိတ်ကပ်ပညာရှင်တွေ လိမ်းပေးလေ့ရှိတဲ့ သဘာဝဆန်ဆန် မိတ်ကပ် Look တွေကို ဖော်ပြပါရစေ။

Eyeliner ပါးပါးလေးခြယ်ထားကာ ပျိုမေတို့ကြား ရေပန်းစားတဲ့ နှုတ်ခမ်းနီ အရောင်နဲ့ Suzy

ပါးနီ ပြောင်ပြောင်လေးနဲ့ Glow Makeup Look

“Vagabond” ဇာတ်လမ်းထဲမှာတော့ Suzy က No Makeup Look ကို လိမ်းထားပါတယ်။

တည်ငြိမ်ပြီး လှတဲ့ Makeup Look

Start Up ဇာတ်လမ်းထဲက Energetic ဖြစ်တဲ့ မိတ်ကပ် Look

Clean Makeup Look နဲ့ လှနေတဲ့ သူမ

Suzy က မိတ်ကပ်အရောင်ရင့်တာထက် နုတာနဲ့ ပိုလိုက်ကြောင်း ဒီ Look က ဖော်ပြနေပါတယ်။

Cute Makeup Look

လိမ္မော်ရောင်သန်းတဲ့ မိတ်ကပ် ပုံစံလေးနဲ့လည်း လိုက်ဖက်နေတဲ့ သူမ

ပျိုမေတို့ လိမ်းကြည့်သင့်တဲ့ Suzy ရဲ့ ငေးမဝတဲ့ Makeup Look

သင်က Suzy ရဲ့ ဘယ် မိတ်ကပ် Look ကို အကြိုက်ဆုံးလဲ ပြောပြခဲ့ပါဦး။

Photo source: Pinterest

By MyStyle Myanmar