ကဲ..ဒီနေ့မှာတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ပုရိသယောကျာ်းတိုင်း သိထားသင့်တဲ့ အကြောင်းအရာလေးကို ဝေမျှပေးမှာပဲ့ ဖြစ်ပါတယ်။ ယောကျာ်းလေးတော်တော်များများက မိန်းကလေးတွေဟာ အရမ်းကိုစိတ်နှလုံးသားနူးညံ့ပြီး ဝမ်းနည်းခံစားလွယ်တဲ့သူတွေဖြစ်တယ်ဆိုတာကို မေ့နေတတ်ကြပါတယ်နော်။ ဒါကြောင့် ချစ်သူယောက်ျားလေးတစ်ယောက်အနေနဲ့ ကိုယ့်ချစ်သူမိန်းကလေးအပေါ် အများကြီးနားလည်မှုပေးနိုင်မှလည်း သင့်အချစ်ရေးကို ပျော်ရွှင်ရမှာပဲ့ ဖြစ်ပါတယ် ။ တစ်ခါတလေမှာ ယောကျာ်းလေးတွေဘက်က ဘာမှမဟုတ်ပဲ့ ပြောလိုက်မိတဲ့ စကားတစ်ခွန်းကလည်း ချစ်သူအတွက် စိတ်ဒဏ်ရာဖြစ်သွားစေတတ်ပါတယ်။

ဒါကြောင့် ကိုယ့်ချစ်သူကောင်မလေးကို စိတ်ထိခိုက် နာကျင်စေမယ့် ဒီလိုစကားလုံးတွေကို မပြောမိစေဖို့ ဝေမျှပေးလိုက်ပါတယ်နော်။ သင် အမှတ်တမဲ့ပြောလိုက်တဲ့ ဘယ်လိုစကားလုံးတွေက သင့်ချစ်သူကောင်မလေးကို စိတ်ထိခိုက်ဝမ်းနည်းစေသလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်…

တစ်ယောက်တည်း နေချင်တယ်

လူတိုင်း တစ်ယောက်တည်းသီးသန့် နေချင်တဲ့အချိန်ဆိုတာမျိုးက ရှိပါတယ်။ ဘယ်သူနဲ့မှလည်း မတွေ့၊ ဘယ်သူနဲ့မှလည်း စကားမပြောဘဲ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တာမျိုးပါ။ ဒီလိုအချိန်တွေမှာ ချစ်သူကို နားလည်အောင် သေသေချာချာပြောပြီး တစ်ယောက်တည်းသီးသန့်အချိန်ယူသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ချစ်သူကို တစ်ယောက်တည်းနေချင်တယ်၊ ဘယ်သူနဲ့မှ မတွေ့ချင်ဘူး ဆိုတဲ့ စကားလုံးတွေကို တိုက်ရိုက် ပြောဆိုလိုက်မယ်ဆိုရင် ချစ်သူကောင်မလေးက နားလည်မှုလွဲပြီး စိတ်ထိခိုက်သွားစေနိုင်ပါတယ်။

မလိုပါဘူး

မိန်းကလေးတွေက ကိုယ့်ချစ်တဲ့သူအတွက် အသေးအမွှားလေးပဲ့ဖြစ်ဖြစ် ကူညီပေးလိုက်ရတာတို့ လုပ်ပေးလိုက်ရမျိုးတွေက သူတို့အတွက် စိတ်ကျေနပ်ပျော်ရွှင်မှုကြီးတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သင့်မှာအခက်အခဲရှိတဲ့အခါတွေမှာ ချစ်သူက ဘာလုပ်ပေးရမလဲ၊ ဘယ်လိုကူညီပေးရမလဲလို့ ပြောလာတဲ့အခါ မလိုပါဘူး၊ အကူအညီမလိုအပ်ဘူး ဆိုတာမျိုးတွေကို လုံးဝမပြောမိစေဖို့ သတိထားဆင်ခြင်ပေးပါနော်။

ရှုပ်လိုက်တာ

မိန်းကလေးတွေဟာ သူတို့ကိုနည်းနည်းလေးဂရုစိုက်ပေးလိုက်ရင်ကို ကြည်နူးမဆုံး၊ ကျေနပ်မဆုံးဖြစ်နေတတ်ကြတဲ့သူတွေပါ။ ဒါကြောင့် သင်ဘယ်လောက်ပဲ အလုပ်များများ သူ့ကို အချိန်ပေးဖို့မမေ့ပါနဲ့။ ဒီလိုမှမဟုတ်ဘဲ အလုပ်ရှုပ်တာနဲ့ စိတ်ရှုပ်တာနဲ့ပေါင်းပြီး ချစ်သူကို အော်ငေါက်တာ၊ စိတ်မရှည်သလို ဆက်ဆံတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။

ပြောပြီးမလုပ်နိုင်တာတွေ

မိန်းကလေးတွေဟာ ဂုဏ်တွေ၊ ပကာသနတွေထက် ချစ်သူဆီက ချစ်ခြင်းမေတ္တာ ဂရုစိုက်မှုတွေကို ပိုပြီးမက်မောတတ်ကြတဲ့ သူတွေပဲ့ဖြစ်ပါတယ်။ ဒါကြောင့် လက်လွတ်စပယ်ဆက်ဆံတာမျိုးတွေ၊ ပေးပြီးသားကတိတွေကို ခဏခဏဖျက်တာမျိုး၊ ပြောပြီးမလုပ်တာမျိုးတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပေးပါ။ အဲ့ဒီအပြုအမူတွေက သူ့ကို အကြီးအကျယ်စိတ်ထိခိုက်စေရုံမက သင့်အပေါ်စိတ်ကုန်သွားစေနိုင်ပါတယ်။ ဒါကြောင့် သူတို့ကို တန်ဖိုးထားဆက်ဆံပေးဖို့လည်း မမေ့နဲ့နော်။