အစိုဓာတ်ထိန်းကိုထိန်းပေးတာဟာ ကျန်းမာတဲ့အသားအရေရဖို့အတွက်ဆိုတာ သင်သိပြီးသား ဖြစ်မှာပါ။  တစ်ခါတလေ မလုပ်သင့်တာသိပေမယ့် အမှတ်တမဲ့နဲ့ အသားအရေ အတွက် မလုပ်သင့်တာတွေကို လုပ်မိ နေတာပါပဲ။ ဒါကြောင့် နှစ်သစ်မှာ  အသားအရေထိန်းသိမ်းဖို့ မလုပ်သင့်တော့တဲ့ အကျင့်တွေကို ရှောင်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

Over Exfoliation

အသားအရေကို သန့်ရှင်းအောင်ထားတာက အကောင်းဆုံးဆိုပေမယ့် အလွန်အကျွံတော့ မလုပ်မိပါစေနဲ့နော်။ မျက်နှာကိုကြမ်းကြမ်းပွတ်တာတွေက အမာရွတ်တွေတောင် ဖြစ်သွားနိုင်တာမလို့ ခနခနမလုပ်ဘဲ တစ်ပတ်ကို တစ်ကြိမ်လောက်ဘဲ အပျော့စား scrubs သုံးပေးပါ။

ခန္ဓာကိုယ်ကို လျစ်လျူရှုတာ

အသားအရေထိန်းသိမ်းတဲ့အခါ မျက်နှာတင်သာမက ခန္ဓာကိုယ်အတွက်ကိုလည်း မေ့မထားသင့်ပါဘူး။ အထူးသဖြင့် ရေနွေးနဲ့ ရေချိုးပြီးရင် ခန္ဓာကိုယ်ကို ချက်ချင်း အစိုဓာတ် ဖြည့်ပေးပါ။ Sunscreen, Moisturizer နဲ့ Anti-Ageing Products တွေသုံးတဲ့အခါ လည်ပင်း၊ ရင်ဘတ်၊ လက်နဲ့ ခြေထောက်တို့ကိုပါ လိမ်းပေးသင့်ပါတယ်။

ဆေးလိပ်အလွန်အကျွံသောက်တာ

ဆေးလိပ်သောက်တာက အသားအရေကို ညိုမဲစေပြီးLines And Wrinkles တွေကို စောစီးစွာဖြစ်ပေါ်စေပါတယ်။ အရေပြားအတွင်းပိုင်းကို ကောင်းမွန်စွာ ဖြည့်တင်းထားမှသာ အသားအရေက ကြည်လင်တောက်ပစေမှာပါ။

ညဘက်မိတ်ကပ်မဖျက်တာ

မိတ်ကပ်မလိမ်းခင် သင့်အသားအရေကို Moisturizer နဲ့ Primer လိမ်းတာက မိတ်ကပ်လိမ်းတဲ့အခါ အသားအရေကို ချောမွေ့စေပြီး တောက်ပစေပါတယ်။ ဒါပေမယ့် ညအိပ်တဲ့ အခါမှာတော့ မိတ်ကပ်မဖျက်ဘဲနဲ့တော့ ဘယ်တော့မှ မအိပ်ပါနဲ့။ Makeup Remover သုံးပြီး မိတ်ကပ်ဖျက်ပါ။ ပြီးရင် အိပ်ရာမဝင်ခင် မျက်နှာကို Cleanserနဲ့ ထပ်သစ်ဆေးပါ။

Makeup Brushes တွေကို မဆေးတာ

မိတ်ကပ်လိမ်းချယ်တဲ့အခါ အသုံးပြုတဲ့ Brushes တွေကို မှန်မှန်ဆေးကြောသင့်ပါတယ်။  Brushes တွေက မျက်နှာပေါ်က အညစ်အကြေးတွေ၊ ဘက်တီးရီးယားတွေကို ထိတွေ့နေတာမလို့ သန့်စင်အောင် သေချာဆေးကြောပေးပါ။