ဘယ်သူကတော့ ကိုယ့်ကို မိန်းကလေးတွေက မကြိုက်ဘဲ မုန်းနေတာမျိုးက လိုချင်ပါ့မလဲ။ မိန်းကလေး ကြိုက်အောင် မနေရင်တောင်မှ သူတို့ မုန်းတဲ့အချက်လေးတွေကို သိထားပေးပြီး ကိုယ့်မှာ အဲ့ဒီအကျင့်တွေ ရှိရင် အခုပဲ ပြင်လိုက်ပါ။

(၁) တစ်ကိုယ်ကောင်း ဆန်သူ

ကိုယ့်ဖို့ပဲ ကြည့်တတ်တယ်။ ကိုယ်အဆင်ပြေရင် ပြီးရောနေတတ်တဲ့ ယောက်ျားမျိုးဆိုရင် မိန်းကလေးတွေမှ မဟုတ်ပါဘူး။ ဘယ်သူမှကို ကြိုက်မှာ မဟုတ်ပါဘူး။ တစ်ကိုယ်ကောင်း မဆန်ဘဲ သူများဖို့ကို တွေးပေးတတ်တဲ့သူ ဖြစ်နေပါစေ။

(၂) အရှက်အကြောက် ကြီးလွန်းသူ

ရှက်ကြောက်တာဆိုတာ ရှေးတုန်းက မိန်းကလေး လုပ်တဲ့အပြုအမူပါ။ အခုခေတ်မှာ ဆိုရင်တော့ မိန်းကလေးတွေတောင်မှာ တော်တန်ရုံ ရှက်တာ ကြောက်တာမျိုး လုပ်မနေတော့ဘဲ ပွင့်လင်းမြင်သာလာတဲ့အချိန်မှာ လုပ်စရာရှိတာတွေကို ပြုလုပ်နေကြရပါတယ်။ ဒီအချိန်မှာ ယောကျာ်းသားရယ် ဖြစ်ပြီး လိုအပ်တာထက် ပိုပြီး ရှက်ကြောက်ပြနေတာမျိုးဆိုရင်တော့ မုန်းစရာ ကောင်းနေမှာပါ။ လိုအပ်တဲ့နေရာမှာ လိုအပ်သလောက်ပဲ ရှက်တတ်ပါစေ။

(၃) ဘဝရည်မှန်းချက် မရှိသူ

နောင်ရေးအတွက် ဘာတစ်ခု ကြိုတင်တွေးတော ထားတာမျိုးလည်း မရှိသလို ဘာရည်မှန်းချက်မှ မရှိဘဲ ဒီအတိုင်း ပေါ့ပေါ့နေ ပေါ့ပေါ့စား လုပ်နေတဲ့ယောကျ်ားမျိုးဆိုရင်ဘယ်မိန်းကလေးက အားကိုးဖို့ သတ္တိရှိပါတော့မလဲ။ ဘယ်သူ့ကိုမှ တာဝန်မယူနိုင်ရင်တောင် အနည်းဆုံး ကိုယ့်တာဝန်ကို ကိုယ်တိုင်ယူနိုင်ဖို့တော့ အရေးကြီးပါတယ်။

(၄) ကတိလွယ်လွယ် ပေးတတ်သူ

မိန်းကလေးဆိုတာမျိုးက သူတို့ကို ကတိပေးတတ်တဲ့သူကို သဘောကျတတ်ကြပါတယ်။ ဒီထက်ပေးထားတဲ့ ကတိကိုတည်တဲ့ ယောက်ျားမျိုးဆိုရင်တော့ ပိုလို့တောင် သဘောကျတတ်ပါတယ်။ ဒါပေမယ့် ကတိကို လွယ်လွယ်ပေးတတ်သလို လွယ်လွယ်နဲ့ ကတိဖျက်တတ်တဲ့ယောကျ်ားဆိုရင်တော့ သိပ်မုန်းကြပါတယ်။ ကိုယ်မလုပ်ပေးနိုင်တဲ့အရာဆိုရင် ဘယ်ကတိမှ မပေးမိပါစေနဲ့။ ပေးမိတယ်ဆိုရင်လည်း တော်တန်ရုံ မဖျက်ပါနဲ့။ ပေးထားတဲ့ကတိကို တည်နိုင်အောင် ကြိုးစားပါ။